အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ လာဝူတောင်တွင် တောမီးလောင်မှုဖြစ်ပွား

အောက်တိုဘာ ၄

       အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ လာဝူတောင်
၌ ယနေ့တွင် တောမီးလောင်မှုဖြစ်ပွားရာ လက်ရှိ အချိန်အထိ ဧက ဟက်တာ ၁၁၀၀ ကို ကူးစက်လောင်ကျွမ်းခဲ့ကြောင်း အရှေ့ဂျာဗားဒေသ
သဘာဝဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီ
အကြီးအကဲ ဂါတွတ် ဆိုဘရိုတိုက ပြောကြား သည်။

        ယင်းတောင်တန်းသည် ပင်လယ်ရေမျက်နှာ ပြင်အထက် ၃၂၆၅ မီတာရှိပြီး ခြေကျင်ခရီးသည်များအတွက် နေရာတစ်ခုဖြစ်သော ဂျာဗားပြည်နယ်အလယ်ပိုင်း ကာရန်ဂန်ယာ ရီဂျန်စီနယ်စပ်နှင့် အရှေ့ ဂျာဗားပြည်နယ်ရှိ မဂ္ဂတန်နှင့် အန်ဂါဝီဒေသတို့အနီးတွင် တည်ရှိသည်။ အဆိုပါတော မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ထိခိုက်သေဆုံးသူမရှိကြောင်းသိရသည်။ တောမီးလောင်ကျွမ်းမှုသည် စတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် အရှေ့ဂျာဗားဒေသမှတစ်ဆင့် အလယ်ပိုင်းဂျာဗားဒေသသို့ ကူးစက်ခဲ့သည်။

      လက်ရှိအချိန်တွင် အလယ်ပိုင်းဂျာဗားဒေသရှိ
သဘာဝဘေးအန္တရာယ် လျှော့ချရေး အေဂျင်စီနှင့်ပူးပေါင်း၍ တောမီးငြှိမ်းသတ်ရေးကို ဆောင် ရွက်နေကြာင်း ၎င်းက ထပ်လောင်းပြောကြား သည်။

      အန်ဂါဝီဒေသတွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး တောမီးလောင်မှု၏ အကြောင်း ရင်းကို စုံစမ်းစစ်ဆေးနေကြောင်း အန်ဂါဝီဒေသ ရဲတပ်ဖွဲ့ တာဝန်ရှိသူ အာဂိုဝီယိုနိုက ပြောကြားသည်။

#PAN