အောက်တိုဘာ ၄
၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ မှ စက်တင် ဘာလအထိ နိုင်ငံပေါင်း ၄၀ ကျော်ကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၂၇၀ ရရှိခဲ့သည်ဟု ငါးလုပ်ငန်းဦးစီးဌာန (နေ ပြည်တော်)ထံမှ သိရပါ သည်။
ပြည်ပကိုတင်ပို့ရာမှာ ဂျပန်နိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ မလေးရှားနိုင်ငံ၊ ဩစတြေးလျနိုင်ငံတို့ကို ရေထွက်ကုန် ပစ္စည်းများ တင်ပို့နေခြင်းဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းတင်ပို့မှု တိုးတက်ရေး အတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်) တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းများက တစ်ဆင့်ပြည်ပနိုင်ငံများကို တင်ပို့နေခြင်းဖြစ်သည်။ မြန်မာ့ရေထွက်ကုန်ပစ္စည်းမျကို ပုံမှန်ကုန် သွယ်ရေးလမ်းကြောင်းဖြင့် ဂျပန်နှင့် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ တင်ပို့နေပြီး တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများထံ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်နှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တင်ပို့နေခြင်း ဖြစ်ပါသည်။
ရေထွက်ကုန်ပစ္စည်းတင်ပို့ရာတွင် ပုံမှန်တင်ပို့မှုများ စဉ်ဆက်မပြတ်ရှိစေရန်နှင့် ဝယ်ယူနေသည့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်များပြည့်မီရန် ဆောင် ရွက်နေပြီး စစ်ဆေးမှုတင်းကျပ်သည့် တရုတ်နိုင်ငံကဲ့သို့ နိုင်ငံများကို တင်ပို့ရာ တွင် ဈေးကွက် လိုအပ် ချက်အတိုင်း ပို့ကုန်မလျော့စေရန် ကြိုးပမ်းဆောင် ရွက်နေကြောင်း သိရပါသည်။
#PAN