အွန်လိုင်းမှတ်ပုံတင်ထားလျှင် ယုံကြည်စွာ ဝယ်ယူနိုင်သည်ဟုဆို

အောက်တိုဘာ ၃

       အွန်လိုင်းမှ ဈေးရောင်းချသူများအနေနှင့် မှတ်ပုံ တင်ထားမည်ဆိုပါက ဝယ်ယူမည့်သူများအတွက် ခိုင်မာသည့်လုပ်ငန်းအဖြစ် ယုံယုံကြည်ကြည်ဝယ်ယူနိုင်မှာ ဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောပါသည်။

       အောက်တိုဘာလ ၂ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI တွင် ပြုလုပ်သည့် အွန်လိုင်းစနစ်နှင့် ရောင်းချသူများ Online Sales မှတ်ပုံ တင်နိုင်ရေး အသိပညာပေးခြင်းနှင့် အွန်လိုင်းမှတ်ပုံ တင်စနစ် ဖွင့်လှစ်သည့် အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ထားသည့် လုပ်ငန်းများအနေနှင့် ခိုင်မာသည့်လုပ်ငန်းအဖြစ် ဝယ်ယူသူများက ယုံယုံကြည်ကြည်ဝယ်ယူနိုင်သည့် အကျိုးကျေးဇူးရရှိစေမှာဖြစ်ငည်ဟု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောပါသည်။

        အွန်လိုင်းစနစ်နှင့် ရောင်းချသည့် Online Sales လုပ်ငန်းမှတ်ပုံတင်ခြင်းကို အောက်တို ဘာလ ၂ ရက်နေ့မှ  စတင်လျှောက်ထားနိုင်ပြီ ဖြစ်သည်ဟုလည်း ဆိုပါသည်။ အွန်လိုင်းမှတ် ပုံတင်စနစ်ကို အကောင် အထည်ဖော်ခြင်းမှာ အွန်လိုင်းမှ ဝယ်ယူစားသုံးသူများ၏ ထိခိုက်နစ်နာမှုကို လျှော့ချနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါသည်။

       အွန်လိုင်းစနစ်နှင့် ရောင်းချခြင်းများကို ခြောက်လအတွင်း မှတ်ပုံတင်လက်မှတ် လျှောက် ထားရမှာဖြစ်ပြီး မှတ်ပုံတင်မရှိဘဲ ဆောင်ရွက်လျှင် အရေးယူသွားမည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က အမိန့်ကြော် ငြာစာ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

#PAN