တောင်ငူမြို့နယ်၊  နံသာကုန်းရွာအထွက် တောင်ငူ – လိပ်သိုသွားကားလမ်းပေါ်တွင် အကြမ်းဖက် သမားများက အမျိုးသား ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး

အောက်တိုဘာ ၂

    စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊  နံသာကုန်းရွာအထွက် ၅ ဖာလုံခန့်အကွာ တောင်ငူ – လိပ်သိုသွားကားလမ်းပေါ်တွင် လိပ်သိုဘက်သို့ ဦးတည်၍ လမ်းညာဘက်တွင် စိစစ်ဆဲ အကြမ်းဖက် သမားများက ဆိုင်ကယ်များကို မီးရှို့ပြီး အမျိုးသား ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

       အဆိုပါဖြစ်စဥ်နေရာတွင် မီးလောင်ထားသည့် သုံးဘီးဆိုင်ကယ် ၁ စီး၊ ဆိုင်ကယ် ၂ စီးကို တွေ့ရှိရပြီး ထိုနေရာမှ ၃  ခန့်အကွာတွင် ကွမ်းပင်ရွာနေ ရဲလွင်ဦး၊ ၂၉နှစ်၊(ဘ)ဦးငြိမ်းနှင့် ဘိုဝင်း၊ ၃၀ နှစ်၊(ဘ)ဦးတင်ဝင်းတို့ ဒဏ်ရာရကာ သေဆုံးနေကြောင်းနှင့် ခွန်ရွှေကြိုင် ၂၀ နှစ်(ဘ)ဦးလှကြိုင်၊ တပြေးရွာနေသူသည် ဒဏ်ရာရကာ သတိမေ့နေကြောင်း သိရှိရပါသည်။

     ” အဲဒီ နေရာဘက်က စက်တင်ဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန်လောက်က သေနတ်သံတွေ ကြားလိုက်ရတယ် ” ဟု  ကွမ်းပင်အုပ်ချုပ်ရေးမှူး ဦးစောမူးဒေ မှ ပြောပြလာပါသည်။

        အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲ့များက သွား ရောက် ရှင်းလင်းနေကြောင်းနှင့် ၎င်းသေဆုံးသူများမှာ သစ်ခိုးထုတ်နေသူများဖြစ်​ကြောင်း ကွမ်းပင်အုပ်ချုပ်ရေးမှူး ထံမှ သိရပါသည်။

#PAN