“တရုတ်နိုင်ငံ၏ ရဲတပ်ဖွဲ့ဝင်များက အာရှ၏ ဒုတိယ အချမ်းသာဆုံး တရုတ် စီးပွားရေး လုပ်ငန်းရှင်ကြီးအား ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှု အဆင့်အဖြစ် ၎င်း၏နေအိမ် တွင်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်နေ”

စက်တင်ဘာ ၂၈

တရုတ်နိုင်ငံအတွင်းရှိ နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်သည့် Evergrande Group ၏ ဥက္ကဋ္ဌ ဖြစ်သူအား တရုတ် ရဲတပ်ဖွဲ့များက ၎င်းတို့၏ စောင့်ကြည့်မှု အောက်တွင် ထားရှိထားကြောင်း သတင်းဌာနများ က ပြီးခဲ့သည့် စက်တင်ဘာ ၂၇ရက် ဗုဒ္ဓဟူးနေ့တွင် ဖော်ပြပြော ဆိုခဲ့ကြပါတယ်။

Evergrande အမည်ရှိ ကုမ္ပဏီကြီး ကို ၁၉၉၆ ခုနှစ်တွင်စတင် တည်ထောင်ခဲ့သော Hui Ka Yan အမည်ရှိ တရုတ်အမျိုးသား သည် ယခုလအစောပိုင်းတွင် သတ်မှတ်ထား သော နေရာတစ်ခုတွင် တရုတ်ရဲ တပ်ဖွဲ့၏ စောင့်ကြည့် ခံနေရကြောင်း Bloomberg က သတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ အိမ်ခြံမြေ ဘီလူးကြီး အဖြစ် သတ်မှတ်ခံထားရသည့် Evergrande ကုမ္ပဏီကြီး၏ ဥက္ကဋ္ဌ ဖြစ်သည့် တစ်ချိန်က အာရှဒေသ ၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် Hui Ka Yan Evergrande အား တရုတ်ရဲတပ်ဖွဲ့က ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု အဆင့်သစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းအနေဖြင့် နေအိမ်တွင် စောင့်ကြည့်စစ်ဆေးခံနေရကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပိုင်ဆိုင်မှုပေါင်း ဘီလျံနာထိ ရှိသော Hui Ka Yan သည် EV ကားစျေးကွက် နှင့် EV ပြိုင်ကား အင်ပါယာစျေးကွက်ကြီးတစ်ခုတည်ဆောက်နိုင်ရန် ကြံစည်နေသူဖြစ်ပြီး တရုတ်နိုင်ငံ၏ သမ္မတရှီ အား နိုင်ငံရေး သြဇာလွှမ်းမိုး မှုများပြု လုပ်နိုင်သောသူ တစ်ဦးလည်းဖြစ်ပြီး တရုတ် နိုင်ငံ၏ စျေးကွက် စီးပွားရေး စနစ်များကို နှိပ်ကွပ်ခြင်းတို့ကို ပြုလုပ်နိုင်သည့် အမြင့်မား ဆုံးသော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ ဗဟိုဘဏ်ကြီးကလည်း တရုတ်နိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလူးကြီး Hui Ka Yan အား စီမံခန့်ခွဲမှုညံ့ဖျင်းမှုနှင့် စီးပွားရေး မဆင်မခြင်ချဲ့ထွင်မှု စသည့် ခေါင်းစဥ်များဖြင့် အမည်ပျက်စာရင်း ထည့်သွင်းခဲ့ကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *