ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် PDF များ၏ Drone ၁ စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့

စက်တင်ဘာ ၂၇

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ရန် ယမန်နေ့က ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

      ယမန်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် PDF များက Drop Bomb ပစ်ချရန် Drone တစ်စီးပျံသန်းလာရာ ညောင်ဂျစ်ကျေးရွာအနီး နယ် မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ Drone ၁ စီးကို ပစ်ချဖျက် ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

      NUG ၏ လက်ဝေခံ အကြမ်းဖက် PDF များအနေဖြင့် ၎င်းတို့ NUG ပြည်ပြေးအကြမ်းဖက်အဖွဲ့ထံမှ လက်နက်ခဲယမ်းများ ထောက်ပံ့မှုမရသဖြင့် နယ်မြေခံလုံခြုံရေးအဖွဲ့များ၊ တပ်မတော်စစ်ကြောင်းများကို ရက်ဆိုင်တိုက်ပွဲ မဆင်နွဲနိုင်သဖြင့် Drone များကို အသုံးပြုကာ ဗုံးပစ်ချတိုက် ခိုက်လာကြခြင်း ဖြစ် သည်။

       ထိုသို့ Drone များ အသုံးပြုရာတွင် နိုင်ငံခြားလုပ် Drone များကို ယခင်က အသုံးပြုခဲ့ကြသော်လည်း နယ်မြေခံလုံခြုံရေးအဖွဲ့များက အဆို ပါ Drone များကို ပစ်ချခဲ့ကြသဖြင့် ယခုအခါ ပြည်ပလုပ် Drone များ ဝယ်ယူသယ် ဆောင်ရန် အခက်အခဲများကြောင့် အဆင့်မမှီသော လက် လုပ် Drone များကို အသုံးပြုလာကြကြောင်း သိရပါသည်။

#PAN