ဒလမြို့မရဲစခန်း အချုပ်ခန်းမှ အချုပ်ခန်းခေါင်မိုးကို ဖောက်ထွင်းပြီး ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားခြောက်ဦး ပြန်လည်ဖမ်းဆီးရမိ


စက်တင်ဘာ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဒလမြို့မရဲစခန်း အချုပ်ခန်းမှ အချုပ်ခန်းခေါင်မိုးကို ဖောက်ထွင်းပြီး ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားများ ပြန်လည်ဖမ်းဆီးရမိကြောင်း သိရသည်။

ဒလမြို့နယ်ရဲစခန်း အချုပ်ခန်းအတွင်းက တရားခံ ခြောက်ဦးသည် အချုပ်ကျနေစဉ် ယမန်နေ့ မနက် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က အချုပ်ခန်းခေါင်မိုး သစ်သားတန်းတွေကို ခွာယူ၊  ခေါင်မိုးသွပ်ပြားတွေကို ဆွဲလှန်ပြီး ထွက်ပြေးသွားလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။
ထွက်ပြေးသွားသည့် အချုပ်သားများအား ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံ​ခြုံ​ရေးပူးပေါင်းအဖွဲ့သည် ဒလမြို့ပေါ်နှင့်ဒလ-တွံတေး အဝင်အထွက် နေရာတွေမှာ စုံစမ်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အချုပ်သား​​ခြောက်ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အချုပ်သား ခြောက်ဦးသည် ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးအမှုစသည့် ပြစ်မှုတွေနှင့် ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး ထောင်ကျတရားခံ အမျိုးသား လေးဦးနှင့် ရဲတပ်ဖွဲ့ဥပဒေ ၆၁(ခ)အရ အချုပ်ကျခံနေရသူ အမျိုးသား နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

#PAN