ကျောက်တံခါးမြို့နယ်တွင် အများပြည်သူသုံးလျှပ်စစ်တာဝါတိုင်များအား အကြမ်းဖက် PDF များမှ ဗုံးခွဲဖျက်ဆီးခဲ့ ပြည်သူအများအပြား လျှပ်စစ်မီးသုံးစွဲရန် အခက်အခဲဖြစ်


စက်တင်ဘာ ၂၇

       ယမန်နေ့ ည ၁၁နာရီ ဝန်းကျင်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ၊ ကျောက်တံခါးမြို့နယ်အတွင်း၌ အကြမ်းဖက်ပြည်ပြေး NUG လက်အောက်ခံအဖွဲ့များဖြစ်ကြသော KNU+PDF အဖွဲ့များမှ အများပြည်သူအသုံးပြုနေသော လျှပ်စစ်ဆက်သွယ်ရေး တာဝါတိုင်များအား အများပြည်သူလျှပ်စစ်အသုံးမပြုနိုင်ရန် ၊ အေးချမ်းစွာနေထိုင်လိုသောပြည်သူအများ ထိတ်လန့်တုန်လှုပ်စေရန်ရည်ရွယ်၍ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။
       ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၆ရက်နေ့ ည ၁၀ နာရီကျော်အချိန်ခန့်က အနန်းဘော်ကျေးရွာအုပ်စု အနန်းဘော်ကျေးရွာအနီးရှိ ပဲနွယ်ကုန်းမြို့နှင့် ကျောက်ကြီးမြို့အား ဆက်သွယ်ထားသော လျှပ်စစ်တာဝါတိုင်  လေးတိုင်စင်နှစ်ခုအား အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ရာတွင် သံကူကွန်ကရစ် လျှပ်စစ်တိုင် (၁၂ )မီတာ ကွန်ကရစ် စုစုပေါင်း (၄)ချောင်းမှာအောက်ခြေများ ပျက်ဆီးသွားခဲ့ကြောင်းသိရသည်။
       အလားတူ ည ၁၁ နာရီအချိန်ခန့်တွင်ပင် ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာအုပ်စု၊ ခိုလိုကျေးရွာနှင့် ကျောက်တံခါးမြို့ ကြားရှိသွယ်တန်းထားသော သာယာကုန်း-တောင်ငူအမှတ်(၂)မဟာဓါတ်အားလိုင်းရှိ တိုင်အမှတ်(၂၄၄)အားအကြမ်းဖက်သောင်းကျန်းသူများအဖွဲ့မှ  မိုင်းထောင်ဖေါက်ခွဲခဲ့သဖြင့် အဆိုပါဓာတ်အား လိုင်းတိုင်တို့မှာ တောင်ဘက်သို့ ၁၀ ဒီဂရီခန့် တိမ်းစောင်းသွားခဲ့ပြီး မီးကြိုးတစ်ချောင်းမှာ အောက်သို့ ပြတ်ကျသွားကြောင်း သိရသည်။ဖြစ်စဉ်များကြောင့် ဒေသတွင်းရှိပြည်သူအမြား လျှပ်စစ်မီးများပြတ်တောက်သုံးစွဲ၍ မရတော့ကြောင်းသိရသည်။
      ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းတွင် အကြမ်းဖက်ပြည်ဖျက် ပြည်ပြေး CRPH. NUGမှ ကူညီထောက်ပံ့စေခိုင်းထားသော ၄၏လက်အောက်ခံ KNLA.KNU.PDF အကြမ်းဖက်အဖွဲ့များမှ အများပြည်သူအသုံးပြုနေသော ဆက်သွယ်ရေးလမ်းမကြီးများ တံတားများ မီးရထားလမ်းများ၊ ဘာသာရေးဆိုင်ရာအဆောက်အဉီးများ ၊စေတီ ပုထိုးများ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးတာဝါတိုင်များ အားဗုံးခွဲတိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများ ၊ ကျေးရွာများအတွင်းဝင်ရောက်၍ စခန်းချခြင်း ၊ အပြစ်မဲ့ ရဟန်းရှင်လူအများအား ၄င်းတို့အားမထောက်ခံသဖြင့် နေ့စဉ်ခြိမ်းခြောက်သတ်ဖြတ်ခြင်း ၊ ကျေးရွာများအတွင်းဝင်ရောက်၍ သေနတ်ပြ၍ ဆတ်ကြေးကောက်ခြင်း ၊ အတင်းအကြပ်လူသစ်စုဆောင်းခြင်း ၊ ပစ္စည်းများအား လုယက်ယူဆောင်ခြင်း စသည်တို့ကို လုပ်ဆောင်နေသဖြင့် ဒေသခံပြည်သူအများမှ စက်ဆုပ်ရွံရှာ မုန်းတီးလျှက်ရှိပြီး အကြမ်းသမားများ၏ လှုပ်ရှားနေမှုများအားသက်ဆိုင်ရာသို့သတင်းပေး၍ ပူးပေါင်းဖော်ထုတ် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN