အင်းစိန်လမ်းမကြီးတွင် YBS(41) အဖြူရောင်ယာဉ်နှင့် NISSAN ATLAS အဖြူရောင်ယာဉ်တို့ ယာဥ်တိုက်မှု့ဖြစ်ပွားရာ လူနှစ်ဦးထိခိုက်ဒဏ်ရာရ


စက်တင်ဘာ ၂၆

ယနေ့ နံနက်၈နာရီခွဲ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းအရ သက်ဆိုင်ရာလုံခြုံရေးပူးပေါင်းအဖွဲ့မှသွားရောက်စစ်ဆေးခဲ့​​ကြောင်းသိရသည်။

ဖြစ်စဥ်မှာ အင်းစိန်ပန်းခြံဘက်မှ မောင်းနှင်လာသောမင်္ဂလာဒုံ မြို့နယ်၊ နွယ်သာဂီလမ်း၊ အပိုင်း(၈) နေသူ ဦးစိုးမြင့်(၃၀) နှစ်(ဘ)ဦးမောင်မောင်မြင့် မောင်းနှင်လာသော YBS(41) အဖြူရောင်ယာဉ်နှင့် မဟာသုခိတာလမ်း ဘက်မှ အင်းစိန်လမ်းဘက်သို့ ယာဉ်မောင်း ဦးဝေလင်းထက်(ခ)အသေးလေး(၁၉)နှစ်(ဘ)ဦးကျော်နေဝင်း၊ မ-၁၀၀၊ (၃)လမ်းတောင်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူ မောင်းနှင်လာသော NISSAN ATLAS အဖြူရောင်ယာဉ်တို့သည် အင်းစိန်လမ်းမကြီး လမ်းဖြတ်ဂွေ့ အရောက်တွင် အရှိန်လွန်၍ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဥိတိုက်မှု့ကြောင့် ယာဉ်မောင်း ဦးဝေလင်းထက်(ခ) အသေးလေး(စိုးရိမ်ရ) နှင့်ဖိုးသား(၁၄)နှစ်(ဘ)ဦးအောင်မြင့်တို့ ဒဏ်ရာများရရှိခဲ့သဖြင့် ၎င်းတို့(၂)ဦးအား အင်းစိန်မြို့နယ်အထွေထွေရောဂါကုဆေးရုံကြီးသို့ အရိယမဂ္ဂင်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ထားရှိပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။