ဟတ်ဒတ်စပလစ်အသင်းရဲ့ကစားသမား ဗူဆကိုဗစ်ကို စပါးအသင်းက ခေါ်ယူ

Photo: TottenhamHotspur

စက်တင်ဘာ ၂၆
စပါးအသင်းဟာ ခရိုအေးရှားကလပ် ဟတ်ဒတ်စပလစ်အသင်းမှ ဆယ်ကျော်သက်နောက်ခံလူ ဗူဆကိုဗစ်ကို ပြောင်းရွှေ့ကြေး ပေါင်(၁၂)သန်း (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ကြောင်း တရားဝင်အတည်ပြုထုတ်ပြန်သွားကြောင်း သိရပါတယ်။
အသက်(၁၆)နှစ်သာရှိသေးသည့် ဗူဆကိုဗစ်က ၂၀၂၅ ခုနှစ် နွေရာသီတွင်မှ စပါးအသင်းနှင့် ပူးပေါင်းမည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားခဲ့ကြောင်း သိရပါတယ်။