ရှုံးထွက်အဆင့်မှာ ဂျပန် U-24 အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် မြန်မာ U-24

Photo: MFF

စက်တင်ဘာ ၂၆
၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသား U-24 အသင်းသည် ရှုံးထွက် ၁၆ သင်းအဆင့်အဖြစ် စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ဂျပန် U-24 အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရပါတယ်။
ရှုံးထွက် ၁၆ သင်းအဆင့်အဖြစ် စက်တင်ဘာ ၂၇ ရက်တွင် အီရန်အသင်းနှင့် ထိုင်းအသင်း၊ မြောက်ကိုရီးယားအသင်းနှင့် ဘာရိန်းအသင်း၊ အိမ်ရှင်တရုတ်အသင်းနှင့် ကာတာအသင်း၊ ဟောင်ကောင်အသင်းနှင့် ပါလက်စတိုင်းအသင်း၊ တောင်ကိုရီးယားအသင်းနှင့် ကာဂျစ္စတန်အသင်း၊ စက်တင်ဘာ ၂၈ ရက်တွင် ဥဇဘက်ကစ္စတန်အသင်းနှင့် အင်ဒိုနီးရှားအသင်း၊ အိန္ဒိယအသင်းနှင့် ဆော်ဒီအာရေဗျအသင်း၊ ဂျပန်အသင်းနှင့် မြန်မာအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။
မြန်မာဘောလုံးအသင်းက အာရှအားကစားပြိုင်ပွဲမှာ ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်ကို ပြန်လည်တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။