ရေးမြို့၊ မြဝတီဘဏ်တွင် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲဝင်များကို အကြမ်းဖက်သမား PDF နှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်၍ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

စက်တင်ဘာ ၂၆

         ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ မြဝတီဘဏ်တွင် နယ်မြေခံတပ်ရင်းမှ တပ်ဖွဲဝင်များ လုံခြုံရေးဆောင်ရွက်နေစဥ် ရန်မျိုးအောင်ရပ်ကွက်ဘက်မှလာသည့် အကြမ်းဖက်သမား PDF အဖွဲ့ စိစစ်ဆဲ မှ အမျိုးသား နှစ်ဦးသည် Wave-110 အပြာရောင် ဆိုင်ကယ်ဖြင့် ‌ရောက်ရှိလာပြီး အသင့်ပါလာသော သေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်၍ ဘုရင့်နောင်လမ်းမကြီးအတိုင်း ရန်မျိုးအောင်ရပ်ကွက်ဘက်သို့ မောင်းနင်ထွက်ပြေးသွားကြောင်း သိရပါသည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သည့် ဖြစ်စဉ်တွင် နယ်မြေခံတပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာများဖြင့် ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးမြင့်ဦး တွင် ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရသည်။

        ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေလုံခြုံရေးပူး ပေါင်းအဖွဲ့တို့မှ အကြမ်းဖက်သမားအား ဖမ်း ဆီးရမိနိုင်ရေးအတွက် ပိတ်ဆို့စစ်ဆေးခြင်းနှင့် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN