ရေဓာတ်ချို့တဲ့ နေသည့်လက္ခဏာများ

PAN ၏ ကျန်းမာရေးကဏ္ဍ

      ရေဓာတ်က ခန္ဓာကိုယ်အတွက် အများကြီးအရေးပါပါတယ်။ သက်ရောက်မှုလည်း အများကြီးရှိပါတယ်။ ရေဓာတ်ချို့တဲ့သောအခါမှာ ခန္ဓာ ကိုယ်ရဲ့ လုပ်ဆောင်ချက်တစ်ချို့လည်း အဆင်မပြေနိုင်သလို ကျောက်ကပ်အတွက်လည်း လုံးဝမကောင်းပါဘူး။ အခြားနောက်ဆက်တွဲ ရောဂါတွေလည်း အများကြီး ဖြစ်လာနိုင်ပါတယ်။

     တစ်နေ့ကို အူမကြီးလှုပ်ရှားမှု တစ်ကြိမ် ကနေ နှစ်ကြိမ်ခန့်ရှိသင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ခန္ဓာကိုယ်ထဲက ရေနဲ့ အစာတွေ မလှုပ်ရှားဘူးလို့ ပြသနေတာပါပဲ။ ရေက အစာခြေစနစ်အဆင်ပြေစေဖို့အတွက် အရေးကြီးပါတယ်။ ဝမ်း ချုပ်ခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ပတ်သက်နေပါတယ်။

      သင့်ရဲ့ဆီးအရောင်က အရောင်ဖျော့နေတယ်ဆိုရင် သင့်ကျောက်ကပ်က အဆိပ်အတောက်တွေ ဖယ်ရှားနိုင်ဖို့ သင်ရေများများသောက်သင့် နေပါပြီ။

        ဒါ့အပြင် အရေပြားက ဝက်ခြံတွေ၊ အရေ ပြားခြောက်သွေ့မှုတွေနဲ့ နှင်းခူတွေ ဖြစ်ပေါ်နေပြီဆိုရင် သင်ရေများများသောက်သင့်နေပြီလို့ ပြသနေတဲ့လက္ခဏာပဲဖြစ်ပါတယ်။ ကျောက်ကပ်က လင့်(သွေးဖြူဆဲလ်တွေပါတဲ့ အရည်ကြည်) အတွက် အရည်ကြည်တွေ စစ်မထုတ်ပေးတော့ဘူးဆိုရင် အရေပြားက အရောင်ဖျော့လာတာမျိုး၊ ခြောက်သွေ့လာတာမျိုး၊ နှင်းခူဖြစ်လာတာမျိုး၊ ဝက်ခြံထွက်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့်အရေပြားက သင့်ကျောက်ကပ်ရဲ့ပြယုဂ်ပါပဲ။

      အထက်ပါလက္ခဏာတွေ ပြသနေပြီဆိုရင်တော့ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေပါပြီ။ အမျိုးသားတွေ အတွက် တစ်နေ့ကို 3.7 Liters လိုအပ်ပြီး အမျိုး သမီးတွေမှာတော့ 2.7 Liters သောက်သုံးဖို့လိုအပ်ပါတယ်။

#PAN