ရုရှားသားတွေနဲ့ ဘရာဇီးသားတွေ အားပြိုင်မယ့် UFC-294

Photo: UFC

စက်တင်ဘာ ၂၆
လာမဲ့ အောက်တိုဘာလ (၂၁)ရက်နေ့မှာတော့ UFC-294 အဖြစ် ပြိုင်ပွဲကြီးကို အဘူဒါဘီမှာ ကျင်းပသွားမှာဖြစ်ကြောင်း UFC က တရားဝင် အတည်ပြုထုတ်ပြန်ထားကြောင်း သိရပါတယ်။
ဒီပွဲမှာ ရုရှားသားအများစုကို ပွဲထုတ်ထားတယ်။ ထူးထူးခြားခြားကတော့ ရုရှားသား ၃ယောက်နဲ့ ဘရာဇီးသား ၃ယောက်တို့ အားပြိုင်ကြမှာပါ။ ရုပ်ပိုင်းဆိုင်ရာတည်ဆောက်မှုတွေ ခွန်အားတွေကောင်းတဲ့ ရုရှားသားတွေကပဲ စားသွားမလား။ ပါရမီရှိကြတဲ့ ဘရာဇီးသားတွေကပဲ ကြမ်းပြသွားမလား စိတ်ဝင်စားစရာကောင်းပါတယ်။