“ဘရာဇီးနိုင်ငံ တောင်ဘက်ပိုင်း Rio Grande do Sul ပြည်နယ်တွင် အပူပိုင်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုများ ဖြစ်ပွားခဲ့ရပြီး အဆိုပါ ပြည်နယ်၏ လူသေဆုံးမှု အများဆုံးဖြစ်ခဲ့ ရသော ရာသီဥတု ကပ်ဘေးကြီး ဖြစ်ခဲ့ရ”

စက်တင်ဘာ ၂၆

ဘရာဇီးနိုင်ငံ တောင်ဘက်အစွန်းပိုင်းရှိ Rio Grande do Sul (RS) ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်အချိန် ကစ တင်ပြီး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဟာ တိုက်ခတ်မှု များကြောင့် လူလေးဦး သေဆုံးခဲ့ရပါတယ်။

အဆိုပါ မုန်တိုင်း တိုက်ခတ်မှုများကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားခဲ့ရပြီး လေပြင်း တိုက်ခတ်မှုများကြောင့် ဘရာဇီးနိုင်ငံ ၏ Rio Grande do ပြည်နယ် မြောက်ပိုင်း နှင့် မြောက်ပိုင်းဒေသများရှိ ခရိုင် ၄၂ ခုတွင် ပျက်စီးခဲ့ဆုံးရှုံးမှုများဖြစ်ပွားခဲ့ရပြီး လူ ၂၇၈ ဦးထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

ဘရာဇီးနိုင်ငံ တောင်ဘက်ပိုင်းဒေသတွင် အပူပိုင်း မုန်တိုင်း ဖြတ်သန်းခဲ့ပြီးနောက် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်း​မှုများ ဖြစ်ပွားခဲ့ရပြီး အနည်းဆုံး ၄၁ ဦး သေဆုံးကာ ၂၅ ဦး ယနေ့ထိ ပျောက်ဆုံးလျက် ရှိနေပါတယ်။

ဘရာဇီးနိုင်ငံ တောင်ဘက်ပိုင်း Rio Grande do Sul ပြည်နယ်၏အစိုးရ အဖွဲ့ဝင်များသည် “မတည်ငြိမ်သောရာသီဥတုများကြောင့် မုန်တိုင်း အပြီးတွင် အအေးလွန်ကဲမှု၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများပြည်နယ်တစ်ခုလုံးကိုဖြစ်ပေါ်လာစေနိုင်ကြောင်း မျှော်လင့်ထား ​ကြပါတယ်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၅ရက်နေ့ တနင်္လာနေ့ အစောပိုင်း ကတည်းက ဘရာဇီး နိုင်ငံ တောင်ဘက်ပိုင်း ဒေသကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူနေအိမ်များ ရေကြီး နစ်မြုပ်သွားခဲ့ရပါတယ်။

ထို့နောက် ဘရာဇီးနိုင်ငံအတွင်း ဆိုးရွားသော ရာသီဥတု ဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများ သည် မကြာသေးမီလများအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဘရာဇီးနိုင်ငံ Rio Grande do Sul ပြည်နယ် ၏သမိုင်းတစ် လျှောက်တွင် လူသေဆုံးမှု အများဆုံးသော ရာသီဥတု ကပ်ဘေးကြီးလည်း ဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *