ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉၀၀ ကျော်ရှိလာ

စက်တင်ဘာ ၂၅

     ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း၌ ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၈၇၇၂၅ ဦးရှိခဲ့ကာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉၀၀ ကျော်ရှိလာကြောင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

       ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် သွေး လွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် ဇူလိုင်လ အတွင်း က ၂ဝ၄ ဦး၊ ဩဂုတ်လအတွင်းက ၃၄၂၂ ဦးနှင့် စက်တင်ဘာလအတွင်း လက်ရှိအချိန်အထိ ၃၁၆ ဦးအပါအဝင် သေဆုံးသူစုစုပေါင်း ၉၀၉ ဦးရှိလာကြောင်း သိရသည်။

       ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇူလိုင်လအတွင်းက သွေး လွန်တုပ်ကွေးဖြစ်ပွားသူ ၄၃၈၅၄ ဦး၊ဩဂုတ်လအတွင်းက ၇၁၉၇၆ ဦးနှင့် စက်တင်ဘာလအတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ် ကွေးဖြစ်ပွားသူ ၆၃၉၁၇ ဦးရှိကြောင်းသိရသည်။

         ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သည့် တစ် ရက်တာကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၀၈ ဦးရှိခဲ့ကာ သေဆုံးသူ ၁၆ ဦးရှိခဲ့ကြောင်းနှင့် လက်ရှိအချိန်အထိ သွေး လွန်တုပ်ကွေးဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူ ၁၇၆၃၄၆ ဦးရှိကြောင်းလည်း သိရသည်။ ဇွန် လမှ စက်တင်ဘာလအထိ ကာလသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၌ သွေးလွန် တုပ်ကွေးဖြစ်ပွားမှု အများဆုံးကာလဖြစ်ကြောင်း သိရသည်။

#PAN