နည်းပြ Ten Hag နဲ့ ပြဿနာကို အမြန်ဆုံး အဆုံးသတ်ဖို့ ကစားဖော်များ တိုက်တွန်း

Photo: Fabrizio Romano

စက်တင်ဘာ ၂၆
Rashford ၊ L.Shaw၊ H.Maguire နဲ့ အခြား အသင်းဖော်များက J.Sancho ကို နည်းပြ Ten Hag နဲ့ ပြဿနာကို အမြန်ဆုံး အဆုံးသတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် Professional Footballers’ Association (PFA) ကလည်း ဒီပြဿနာ ကို ကြားဝင် ဖြေရှင်းခွင့်ပေးဖို့ မန်ယူကို ဆက်သွယ်ထားပါတယ်။
လက်ရှိမှာ ကစားသမားကို ပထမအသင်းကစားသမားတွေ အသုံးပြုတဲ့ လေ့ကျင့်ကွင်း အားကစားပစ္စည်း အသုံးအဆောင်တွေ သုံးစွဲခြင်းမှ တားမြစ်ထားကြောင်း သိရပါတယ်။
နည်းပြ Ten Hag ကလည်း ကစားသမားရဲ့ တောင်းပန်မှု့ကို အလိုရှိနေပါတယ်။ ဒါကြောင့် စက်တင်ဘာ ၂၇ ရက် မြန်မာစံတော်ချိန် နံနက် ၁:၃၀ နာရီတွင် ပဲလေ့စ်အသင်းနဲ့ ကစားမဲ့ EFL ဖလားနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ကစားသမားက လွဲချော်ဖို့ များနေပါတယ်။