နွားထိုးကြီးမြို့၊ မြို့မရဲစခန်းအား လာရောက် တိုက်ခိုက်သော Drone တစ်စင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်နှိမ်နင်း


စက်တင်ဘာ ၂၅

       ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ ၊ မြို့မရဲစခန်းဝင်းပေါ်သို့ Drone ၁စီးပျံဝဲလာသဖြင့် ရဲစခန်းဝင်းအတွင်း အခြေပြုလျက်ရှိသော တပ်မတော်စစ်ကြောင်းမှလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
    နွားထိုးကြီးမြို့မရဲစခန်းတွင် တပ်ဆင်ထားသော Real Time Drone Guard and Screening System(5-Channel)အား ဖွင့်လှစ်ထားရှိပြီး Drone ပျံဝဲသွားသည်ဟု ယူဆရသောနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ၃ နာရီ အချိန်ခန့်တွင် လိုက်လံရှင်းလင်းခဲ့ရာ ရဲစခန်း အရှေ့တောင်ဘက် ၅ဖာလုံခန့်အကွာ၊နွားထိုးကြီးမြို့၊အမှတ်(၂)ရပ်ကွက်၊အိမ်အမှတ်(၂/ဂ-၁၉၀)၊ဉီးကျော်ညွန့်+ဒေါ်လှအေးတို့၏ နေအိမ်ခြံဝင်းအတွင်း 5BHU-ZIL4-RAXO အမျိုးအစား (ခန့်မှန်းတန်ဘိုး သိန်း ၇၀၀ခန့် ) အနက်ရောင် Drone ၁စင်းအား တွေ့ရှိရပြီး ၄ Drone တွင်တပ်ဆင်ထားသည့်  လက်လုပ် အီနာဂါ ဗုံးသီး ၂လုံး၊လက်လုပ် ၆၀ မမဗုံးသီး ၁လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။