ငလျင်လှုပ်ခတ်မှုကြောင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးကျောင်းဆောင်နရံများ  ပြိုကျပျက်စီးမှုဖြစ်ပွား

စက်တင်ဘာ ၂၅

         ယနေ့ နံနက် မြန်မာစံတော်ချိန် ၇ နာရီ ၂၀ မိနစ်၊ ၄၂ စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေလျင်စခန်းမှ မြောက် – အနောက်မြောက်ဘက် ၂၅ မိုင်
ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မှော်ဘီမြို့၏ မြောက်-အနောက်မြောက်ဘက် ၅ မိုင်ခန့် အကွာ ၊ မြောက်လတ္တီတွဒ် (၁၇.၁၉) ဒီဂရီ၊ အရှေ့
လောင်ဂျီတွဒ် (၉၅.၉၈)ဒီဂရီ၊ အနက် ၁၀ ကီလိုမီ တာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။

        ယမန်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန်ကစတင်ပြီး ၉ နာရီကြာငလျင်ငယ်လှုပ်ရှားမှုများရပ်တန့်နေရာမှ ယမန်နေ့ ညနေခင်း ၅ နာရီ ၄၄ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းမှော်ဘီမြောက်ဘက်၊ တိုက်ကြီးအရှေ့ဘက်ပိုင်း ၇ မိုင်ကျော်အကွာ မြေအောက်အနက် ၂၅ မိုင်မှ မဂ္ဂနီကျု ၄.၂ အဆင့်ငလျင်ငယ် ထပ်မံသက်ဝင်လှုပ် ရှားလာခဲ့ကြောင်း သိရပါသည်။

        ယမန်နေ့ ညနေ ၅ နာရီ ၄၄ မိနစ်အချိန် မြေငလျင် လှုပ်ရှားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးကျောင်းတွင် ငလျင်ဒဏ်ကြောင့်  နရံများ ပြိုကျပျက်စီးမှု ဖြစ်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း၊ ခန့်မှန်းဆုံးရှုံးမှုကာလတန်ဘိုး ကျပ်သိန်း ၁၇၀ ခန့်ရှိကြောင်း သတင်းရရှိပါသည်။

#PAN