ချမ်းမြသာစည်မြို့နယ်၊တမ္ပဝတီရပ်ကွက်ရှိ “မဟာ” ကိုယ်ပိုင်အထက်တန်းကျောင်းအား အကြမ်းဖက် PDF များမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲ


စက်တင်ဘာ ၂၅

     ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊တမ္ပဝတီရပ်ကွက်၊အကွက်(၄၇၉)၊ရာမရပ်ရှိ "မဟာ"ကိုယ်ပိုင်အထက်တန်းကျောင်းဝင်းအတွင်းသို့ မဟာ ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့လမ်းအတိုင်း တောင်မှမြောက်သို့ လူ ၃ဉီးစီးနင်းလာသည့် ဆိုင်ကယ် ၁စီးပေါ်မှ လက်ပစ်ဗုံး ၂လုံး ကျောင်းဝင်းအတွင်း ပစ်ပေါက်ကာ စစ်ကိုင်း-မန္တလေးကားလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
     ယင်းလက်ပစ်ဗုံး ၂လုံးမှာ ပေါက်ကွဲမှု မရှိသေးသည့်အတွက် ၄င်းဗုံးများ ရှင်းလင်းရန်အတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့သို့ အကြောင်းကြားဆောင်ရွက်ထားကြောင်းသိရသည်။
      ယခုခဲ့သို့ " ဗုံးထောင်ဖောက်ခွဲသည့်ဖြစ်စဉ်များကို ယနေ့အတွင်း နှစ်ကြိမ်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါဖောက်ခွဲမှု့များသည် ကိုယ်ပိုင်အထက်တန်းကြောင်းများကိုရည်ရွယ်ဖောက်ခွဲနေခြင်းဖြစ်ကြောင်း၊အကြမ်းဖက်အဖွဲ့တစ်ခုမှ အချိန်ကိုက်တပြေးညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများကိုဖောက်ခွဲနေခြင်းကြောင့် နိုင်ငံ၏အနာဂါတ်ဖြစ်သော ကျောင်းသားကျောင်းသူများ ပညာရေးထိခိုက်အောင်လုပ်နေခြင်းမှာတော်လှန်ရေးနှင့်မတူတော့ပဲ အကြမ်းဖက်လုပ်ရပ်များသာဖြစ်ကြောင်း၊ ရွံရှာမုန်းတီးဖွယ် လုပ်ရပ်ဖြစ်ကြောင်း"ဒေသခံများမှ ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။