သရက်ချောင်းမြို့နယ် ၊အောက်သရက်ချောင်း ကျေးရွာအနီး အကြမ်းဖက် PDF များရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်း

စက်တင်ဘာ ၂၃

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် ၊အောက်သရက်ချောင်း ကျေးရွာအနီး အကြမ်းဖက် PDF များရောက်ရှိခိုအောင်းနေကြောင်း တာဝန်သိ ပြည်သူများက လျှို့ဝှက် သတင်းပေးလာသည့်အတွက် တပ်မ တော်စစ်ကြောင်းများက ယနေ့ နံနက်ပိုင်းကသွားရောက် ရှင်းလင်းချေမှုန်းခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

     ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ အကြမ်း ဖက်သမား PDF ၄ ဦး(PDF အရာရှိတစ်ဦးအပါ) ကို ပစ္စတို ၁ လက်၊ RPG ၁ လက်၊ လမ်းလျှေက်စကားပြောစက်Icon၊ ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းဖက်မှ ထိခိုက်ကျဆုံးမရှိကြောင်း သတင်းရရှိပါ သည်။

        အကြမ်းဖက်သောင်းကျန်းသူများ၏ အစွန်း ရောက်အကြမ်းဖက်ဝါဒကို အချိန်ကြာလာသည်နှင့်အမျှ ပြည်သူလူထုက ထောက်ခံအားပေးခြင်းမရှိတော့ဘဲ ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့၊ နယ်မြေခံ တပ်မတော် တပ်ရင်း/တပ်ဖွဲ့များသို့ ယခုလို လျှို့ဝှက် သတင်းပေးပို့ခြင်းဖြင့် အကူအညီပေးလာကြကြောင်း သိရပါသည်။

#PAN