တရုတ်နှင့် ကမ္ဘောဒီးယား တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ ပူးပေါင်းလေ့ကျင့်မှုဆောင်ရွက်

စက်တင်ဘာ ၂၃

      တရုတ်နှင့် ကမ္ဘောဒီးယား တပ်မတော်ဆေး တပ်ဖွဲ့ဝင်များ ပူးပေါင်းလေ့ကျင့်သည့် “Peace Angel-2023” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးတွဲဆေးကုသမှုလေ့ကျင့်ခန်းကို ကမ္ဘော ဒီးယားနိုင်ငံဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားတော် ဝင်အထူးတပ်ဖွဲ့ ဌာနချုပ်တွင် စက်တင်ဘာ ၂၁ ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

         ယင်းလေ့ကျင့်ခန်းတွင် ကမ္ဘောဒီးယားနှင့် တရုတ်ဆေးတပ်ဖွဲ့ဝင်စစ်သည်များက သဘာဝဘေး ကျရောက်နေချိန်တွင် ဒုက္ခသည်များကို ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ကုသပေးခြင်းနှင့် ကူးစက်ရောဂါထိန်းချုပ်ခြင်းတို့ကို လေ့ကျင့်ခဲ့ကြသည်။

          အဆိုပါအခမ်းအနားသို့ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး တီဆီဟာအပါအဝင် ပြည်ပနိုင်ငံများမှ စစ်သံမှူးများတက်ရောက်ခဲ့ကြသည်။

        ထိုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှ တပ်မ တော်နှစ်ရပ်အကြားသည် စည်းလုံးညီညွတ်မှုနှင့် ဆောင်ရွက်မှုအတွက်ပူးပေါင်းအစပြုသည့်ဆောင်ရွက်ချက်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ဘက်စုံမဟာဗျူ ဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရေးသည်လည်း မိမိတို့ နှစ်နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း တီဆီဟာကပြောကြားခဲ့သည်။

စွမ်းရည်များ မြှင့်တင်ပေး

       နှစ်နိုင်ငံတပ်မတော်များအကြားကျန်းမာရေးကဏ္ဍဆိုင်ရာ ဖလှယ်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ် ဆယ်ရေးများကို ပူးတွဲလုပ်ဆောင်ရန် ၎င်းတို့၏ စွမ်းရည်များကို မြှင့်တင်ပေးသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အခမ်းအနားတွင် တရုတ်တပ်မတော်က ကမ္ဘောဒီးယားဘုရင့်တပ်မတော်သို့ ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သိရသည်။