ဂျပန်အိမ်ရှေ့မင်းသားအာကီရှီနိုနှင့် ကြင်ရာတော်တို့ ဂျပန်-ဗီယက်နမ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၅၀)ပြည့် အခမ်းအနားသို့ တက်ရောက်

စက်တင်ဘာ ၂၃

      ဂျပန်အိမ်ရှေ့မင်းသားအာကီရှီနိုနှင့် ကြင်ရာတော်တို့က မြို့တော်ဟနွိုင်း၌ ကျင်းပသည့် ဂျပန် – ဗီယက်နမ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၅၀)ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

        ဂျပန်အိမ်ရှေ့မင်းသား အာကီရှီနိုက နှစ်နိုင်ငံ
ပြည်သူများ၏ အဆက်မပြတ် ကြိုးပမ်းမှုများဖြင့်
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ကာလကြာရှည်စွာ
ပြုစုပျိုးထောင်လျက်ရှိပါကြောင်း အဆိုပါအခမ်း
အနားတွင် ပြောကြားသည်။ ယခုခရီးစဉ်သည် အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမည်ဟု မျှော်လင့်ကြောင်းအိမ်ရှေ့မင်းသားအာကီရှီနိုက ပြောကြား သည်။

       နှစ်နိုင်ငံအကြား ကျယ်ပြန့်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက်မှုအသစ်ဆီသို့ ကူးပြောင်းသွားလိမ့်မည်ဟုမျှော်လင့်ကြောင်း ဗီယက်နမ်အာဏာရကွန်မြူ နစ်ပါတီ၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

        ထို့ပြင် ဂျပန်အိမ်ရှေ့မင်းသားအာကီရှီနိုနှင့်
ကြင်ရာတော်တို့က ဒုတိယကမ္ဘာစစ်အပြီး ပြင်သစ် လက်အောက်မှ လွတ်လပ်ရေးရရှိရေးအတွက် ဗီယက်နမ်နိုင်ငံ၌ ကျန်ရှိကာ တိုက်ပွဲဝင်ခဲ့သည့် ဂျပန်စစ်တပ်၏ သားစဉ်မြေးဆက် ၁၉ ဦးနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

#PAN