စက်တင်ဘာ ၂၂
နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက် နေ ခြင်းကြောင့် ကနေဒါ နိုင်ငံသား များအတွက် အိန္ဒိယနိုင်ငံက နိုင်ငံဝင်ခွင့် ဗီဇာတွေ ရပ်ဆိုင်း ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ နှင့် ကနေဒါ နိုင်ငံတို့အကြား နှစ်နိုင်ငံကြား သံတမန်ရေး အကျပ်အတည်း ပြင်းထန်နေချိန်တွင် အိန္ဒိယနိုင်ငံ သည် ကနေဒါ နိုင်ငံအတွက် ဗီဇာ လည်ပတ်မှုများကို အကန့်အသတ်မရှိ ဆိုင်းငံ့ထား လိုက်တာ လည်းဖြစ်ပါတယ်။
ထို့နောက် ကနေဒါနိုင်ငံရှိ အိန္ဒိယနိုင်ငံ၏သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့ရင်ဆိုင်နေရသော “လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများ” ကြောင့် ခေါင်းစဥ်ဖြင့် ကနေဒါနိုင်ငံသားများအတွက် ဗီဇာဝန်ဆောင်မှုများကို လုံးဝ ဆိုင်းငံ့ထားကြောင်း ဒေလီ(အိန္ဒိယ) က ကြေညာခဲ့ ပြီးနောက် အိန္ဒိယနှင့် ကနေဒါကြား ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
ကနေဒါနိုင်ငံရှိ အိန္ဒိယ ဗီဇာရုံးများ တွင် လုပ်ငန်း လည်ပတ်မှုများပြုလုပ်နေသည့် BLS International ကလည်း “လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အကြောင်း ပြချက်များ” ကို ကိုးကားပြီး ကနေဒါနိုင်ငံသားများအတွက် ဗီဇာဝန်ဆောင်မှု အားလုံးကို ဆိုင်းငံ့ထားကြောင်း ၎င်း၏ ဝဘ်ဆိုဒ်တွင် သတိပေးချက် ထုတ်ပြန်ထား ပါတယ်လို့ သတင်းဌာနများက စက်တင်ဘာ ၂၁ရက်နေ့က ဖော်ပြပြောဆိုထားကြပါတယ်။