ရက်သတ္တ ၃ ပတ်အတွင်း ဆောက်လုပ်ခွင့် ၂၀၇ ခု ခွင့်ပြုပေးခဲ့

      အဆောက်အဦဆောက်လုပ်ခွင့်နှင့် အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်းလက် မှတ်(BCC) လျှောက် ထားတာနှင့် ပတ်သက်ပြီး ဆောက်လုပ်ခွင့် ၂၀၇ ခုကို ရက်သတ္တ ၃ ပတ်အတွင်း ခွင့်ပြုမိန့်ထုတ်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီမှ သိရပါသည်။

        ၎င်းအပြင် စက်တင်ဘာလ ၁၉ ရက်က ပြုလုပ်သည့် ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်း အဝေးခန်းမ (၄)တွင် ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ အဆောက်အဦ ဆောက်လုပ်ခွင့်နဲ့ အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရေးဦးစီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ အဆောက်အဦဆောက် လုပ်ပြီးစီးကြောင်းလက်မှတ် (BCC) ၄၉ ခုကို လည်း ခွင့်ပြုပေးခဲ့သည်ဟု ဆိုသည်။

       အဆောက်အဦ ဆောက်လုပ်ခွင့်ပေးခြင်းနှင့် ဆက်စပ်သည့်ဌာနများကိုလည်း ထောက်ခံချက်များကို ပေးပို့ထားကြောင်း သိရပါသည်။

#PAN