နေ့စဉ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံ တော်သီချင်း သီဆိုခြင်း တို့ကို ပုဂ္ဂလိကကျောင်းများ၌ မပျက်မကွက်ဆောင်ရွက် ရန်တိုက်တွန်း

စက်တင်ဘာ ၂၂

      စက်တင်ဘာလ ၂၁ ရက်တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့် က ယခုလိုပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

        ဒုတိယဝန်ကြီးက ပုဂ္ဂလိကကျောင်းများအနေဖြင့် နေ့စဉ် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော် သီချင်း သီဆိုခြင်းတို့ကို မပျက်မကွက်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျက်စီးစေရန်အတွက် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်ဘာသာရပ် များကို ဥပဒေနှင့်အညီ သင်ကြားရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကအခြေခံပညာ သင်ရိုးသင်ကျောင်းများ၊ နိုင်ငံ တကာ သင်ရိုးညွှန်းတမ်းသင် အခြေခံပညာကျောင်းများ အားလုံးကျောင်းဖွင့်ရက်၊ ကျောင်း ပိတ်ရက်၊ စာမေးပွဲကျင်းပရက်များသည် နိုင်ငံ တော်ကဖွင့်လှစ်သည့် ကျောင်းများနှင့်တစ်ပြေးညီ တူညီရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအားလုံး ဝါတွင်းကာလ၌ ဥပုသ်၊ တနင်္ဂနွေနေ့တို့တွင် တစ်ပြေးညီ ကျောင်းပိတ်ရမည် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN