တန့်ဆည်မြို့ ၊ မဟာမြိုင်ရပ်ကွက် ၊ ရွှေဒေါင်းမင်းဆန်စက်ရှိလုံခြုံရေးအဖွဲ့ကို အကြမ်းဖက် PDFအဖွဲ့၏ စီးနင်းတိုက်ခိုက်ခြင်းခံရ

စက်တင်ဘာ ၂၂

ယ‌နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် တန့်ဆည်မြို့
မဟာမြိုင်ရပ်ကွက် ရွှေဒေါင်းမင်းဆန်စက်ရှိလုံခြုံရေးအဖွဲ့ကို
အကြမ်းဖက် PDFအဖွဲ့များကအင်အား ၇၀၀ ခန့်ဖြင့်လာရောက်တိုက်ခိုက်ပြီး တရားရုံး၊လ၀ကရုံး ၊ ပညာရေးမှူးရုံး ၊ကော်မရှင်ရုံးတို့ကို မီးရှို့ဖျက်ဆီး
သွားပြီး နံနက် ၅ နာရီအချိန်ခန့်တွင်ပြန်လည်ထွက်ခွာသွားကြောင်း သိရသလို လုံခြုံရေးအဖွဲ့ဝင်များလည်း ကျဆုံးမှုရှိကြောင်းသိရှိရပါသည်။

အဆိုပါတိုက်ခိုက်ခံရမှုတွင်
ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦး ၊ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကျဆုံးကြောင်း ၊ရဲတပ်သား ၂ ဦးပျောက်ဆုံး‌နေပြီး
ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိကြောင်းသိရှိရပါသည်။

ကျဆုံးခဲ့သူများမှာ ပြည်သူ့စစ်မှ
ဆန်းမင်းထူး (ဘ)ဦးကျော်မြင့်
သာယာကုန်းကျေးရွာ ၊ ကျော်ဇင်ဝင်း(မိုးထိ)
(ဘ)ဦးဝင်းမြိုင် အုပ္ဖိုလ်အိုင်ကျေးရွာ ၊ မင်းဆွေ (ဘ)ဦးသန်း
ကျွန်းလည်ကျေးရွာ ၊ ကျော်မျိုးလင်း (ဘ)ဦးအောင်ငွေ(ဒဏ်ရာရ )၁ ဦး ၊
ဦးကျော်မြင့် (ဘ) ဦးတေ
သာယာကုန်းကျေးရွာတို့ဖြစ်‌
ကြောင်း သိရပါသည် ။

ရွှေဘိုခရိုင်မြို့နယ်အတွင်းတွင် လုံခြုံရေးအဖွဲ့များကို ညသန်ခေါင်ယံအချိန်များတွင် မကြာခဏ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံနေရကြောင်း မြေပြင်သတင်းများအရ ကြားသိရပါသည်။