တတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပေကျင်းမြို့၌ ကျင်းပမည်

စက်တင်ဘာ ၂၂

      တတိယအကြိမ် “Belt and Road” နိုင်ငံတ ကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပေကျင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mrs. Mao Ning က စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

        ထိပ်သီးဖိုရမ်ကျင်းပနေစဉ်အတွင်း ကျင်းပမည့်အစီအစဉ်များတွင် ဖွင့်ပွဲအခမ်းအနားနှင့်အတူ အပြန် အလှန်ချိတ်ဆက်မှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဖိုရမ်သုံးခု၊ ကုန်သွယ်မှု လွယ်ကူချော မွေ့စေရေး၊ ပြည်သူချင်း စိတ်ချင်းဆက်နွှယ်ရေး၊ တတ်သိပညာရှင်များ ကူးလူးဖလှယ်ရေး၊ သန့် ရှင်းသော ပိုးလမ်းမကြီး၊ ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေး၊ အဏ္ဏဝါပူးပေါင်းဆောင်ရွက်ရေး တို့ဆိုင်ရာ သီးသန့်ဖိုရမ် ၆ ခု ပါဝင်ပြီး တစ်ချိန်တည်းတွင် စီးပွားရေးလုပ်ငန်းရှင်များညီလာခံကိုလည်း ကျင်းပမည်ဖြစ်သည်။

        တတိယအကြိမ်ထိပ်သီးဖိုရမ် ကျင်းပရေးဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဖြင့် စနစ်တကျ လုပ်ဆောင်လျက်ရှိသည်။ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၁၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ရန် အတည်ပြုထားကြောင်းနှင့် တရုတ်နိုင်ငံသည် ထိပ်သီးဖိုရမ် ကျင်းပရေးဆိုင်ရာ ပြင်ဆင်မှု လုပ်ငန်းများနှင့်ပတ်သက်၍ “Belt and Road” ပူးပေါင်းမိတ်ဖက်များနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း Mrs. Mao Ning က ပြောကြားခဲ့သည်။

#PAN