ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ယခုနှစ်၏ ကမ္ဘာ့ထောင်စုနှစ် ရည်မှန်းချက် စွမ်းဆောင်ရည်ဆုရရှိ

စက်တင်ဘာ ၂၂

        ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ထောင်စုနှစ်ရည်မှန်းချက် များကို ဆောင်ရွက်ရာတွင် ၎င်း၏ ပံ့ပိုးကူညီမှုကြောင့် ယခုနှစ်၏ ကမ္ဘာ့ထောင်စုနှစ် ရည်မှန်းချက်စွမ်းဆောင်ရည်ဆုကို ရရှိခဲ့ကြောင်း သိရသည်။

         အဆိုပါ ကမ္ဘာ့ထောင်စုနှစ်ရည်မှန်းချက်စွမ်းဆောင်ရည်ဆုသည် ဆင်းရဲမွဲတေမှု အဆုံးသတ်ရေး၊ အရည်အသွေးမီပညာရေးပြန့်ပွားရေးနှင့် ဂေဟစနစ်များကို ကာကွယ်ပေးရန်ရည်ရွယ်ပြီး ဘီလ်ဂိတ် ဖောင်ဒေးရှင်းက ဂုဏ်ပြုတည်ထောင်ခြင်း ဖြစ်သည်။

        နည်းပညာကုမ္ပဏီ မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်က ဂျပန်ဝန်ကြီးချုပ် ကီရှီဒါအား စက်တင်ဘာလ ၂၀ ရက်တွင် ကျင်းပသည့်အခမ်းအနားတွင် ကမ္ဘာ့ထောင်စုနှစ် ရည် မှန်းချက် စွမ်းဆောင်ရည်ဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ယခုနှစ် ဟီရိုရှီးမားမြို့၌ ကျင်းပသည့် Group of Seven ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ ထောင်စုနှစ်ရည်မှန်းချက်ဆိုင်ရာ ဆွေးနွေးမှုများကို ဂျပန်ဝန်ကြီးချုပ်က ဦးဆောင် ပြုလုပ်ခဲ့ကြောင်း ဘီလ်ဂိတ် ဖောင်ဒေးရှင်းက မှတ်ချက်ပြု ပြောကြားသည်။

        ၂၀၃၀ ပြည့်နှစ်၌ ပန်းတိုင်များရောက်ရှိရန် ကြိုးပမ်းရာတွင် ယခုနှစ်သည် အလယ်အလတ် မှတ်တိုင်ဖြစ် ကြောင်းနှင့် ထောင်စုနှစ်ရည်မှန်း ချက်များ ပြည့်မီစေရန် ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေသေးသည့် အတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် ယခင်ကထက် ပိုမိုကြိုးပမ်းကြရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် ကီရှီဒါ က ပြောကြားခဲ့တယ် လို့ NHK သတင်းဌာနမှ ဖော်ပြထားပါသည်။

#PAN