“ကုလသမဂ္ဂ UN တပ်ဖွဲ့ဝင်များအား DR Congo နိုင်ငံက ၎င်းတို့နိုင်ငံအတွင်းမှ ယခုနှစ်အတွင်း ထွက်ခွာသွားကြရန် တောင်းဆိုခဲ့”

စက်တင်ဘာ ၂၂

အာဖရိကတိုင် အလယ်ပိုင်းနိုင်ငံဖြစ်သည့် DR ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ သမ္မတ Felix Tshisekedi က ၎င်း၏နိုင်ငံအတွင်း တပ်စွဲထားသော ကုလသမဂ္ဂဆိုင်ရာ UN တပ်ဖွဲ့ဝင် များအား ယခုနှစ်တွင် စတင်ရုပ် သိမ်းမှုများ ပြုလုပ်ကြရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၀ရက် ဗုဒ္ဓဟူးနေ့က တောင်း ဆိုခဲ့တာဖြစ်ပါတယ်။

ထို့နောက် ကုလသမဂ္ဂတပ်ဖွဲ့ဝင်များက ၎င်းတို့ နိုင်ငံအတွင်း ငြိမ်းချမ်းရေးယူဆောင်လာရန် ဟူသော မစ်ရှင်သည် နိုင်ငံအတွင်း ကုလသမဂ္ဂ တပ်ဖွဲ့ဝင်များ ၂၅ နှစ်ခန့်ရှိနေသည်ထိ မည်သည့်ထူးခြားမှုမရှိ ငြိမ်းချမ်းရေး ပျက်ကွက်မှုများဖြစ် ခဲ့ရပြီး ၎င်းတို့နိုင်ငံအတွင်း ငြိမ်းချမ်းရေးကို “ထင်ယောင်ထင်မှားများ ဖြစ်ပေါ်ခဲ့ရကာ တန်ပြန် ဆိုးကျိုး သက်ရောက် မှုများ ဖြစ်ပေါ်ခဲ့တယ်လို့ ၎င်းက ပြောကြား ခဲ့ပါတယ်။

“ကျွန်တော် တို့နိုင်ငံရဲ့ ကံကြမ္မာကို အပြည့်အဝ ထိန်းချုပ်ပြီး မိမိတို့နိုင်ငံ ၏ကိုယ်ပိုင် တည်ငြိမ်မှုအတွက် မိမိတို့ကိုယ်တိုင် အဓိကဇာတ်ဆောင် ဖြစ်လာရန် အချိန်တန်ပြီ” လို့ ၎င်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးတွင် ထပ်လောင်း ပြောကြား ခဲ့ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *