အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် နီပါးဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ခဲ့

စက်တင်ဘာ ၂၀

        အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် နီပါးဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေး ဝန်ကြီး ဗီနာဂျော့ချ် က ပြောကြားသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက နီပါးဗိုင်းရပ်စ်ကူးစက် ခံရသူ ခြောက်ဦးကို တွေ့ရှိရသော်လည်း လက်ရှိအချိန်တွင် ကျန်းမာရေးဝန်ထမ်းများက ယင်းပြည်နယ်အတွင်း ကုသမှုများ ဆောင်ရွက်နေ သည်။

       ယခုအခါ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၃ ဦးအား ဆေးရုံတွင်ကုသပေးနေပြီး ဗိုင်းရပ်စ်ပိုး ကာကွယ်ရေးအဖြစ် ပြည်နယ်အတွင်းရှိ အိမ် ထောင်စု ၃၄,၁၆၇ စုတွင် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးနေသည်။

       နိုင်ငံအတွင်းရှိ ပြည်နယ်ကိုးခုတွင် ၎င်းဗိုင်းရပ်စ်ကူးစက်မှုများ ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့နှင့် အိန္ဒိယဆေးသုတေသန ကောင်စီတို့က မကြာသေးမီက ပြောကြားသည်။ ကိုဇီကိုဒီခရိုင်တွင် နီပါးဗိုင်းရပ်စ် ကူးစက်ခံရသူ ခြောက်ဦးကို အတည်ပြုတွေ့ရှိရာတွင် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ယင်းခရိုင်တွင် နီပါးဗိုင်းရပ်စ် ကူးစက်ခံရသူနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၁,၀၈၀ ရှိသည့်အနက် ၂၉၇ ဦးမှာ ရောဂါ ပြင်း ထန်စွာ ခံစားနေရကြောင်း သိရသည်။

        ဗိုင်းရပ်စ် ကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများကို သီးခြားခွဲ၍စောင့်ကြည့်ရေးလုပ်ငန်းများ ဆောင် ရွက်နေပြီး လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများကို ဓာတ်ခွဲခန်းတွင် စစ် ဆေးနေကြောင်း အောလ်အိန္ဒိယ ရေဒီယို အသံ လွှင့်ဌာနက ပြောကြားသည်။ လက်ရှိအချိန်တွင် ကိုဇီကိုဒီခရိုင်ရှိ အိမ်ထောင်စု ၁၅,၀၀၀ ကျော်အား ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းသုတေသန ဆောင်ရွက်နေကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့ပါသည်။

#PAN