ရန်ကုန်လေဆိပ်အတွင်းသို့ ခရီးသည်လိုက်ပါပို့ဆောင်မည့်သူများ ယာယီဝင်/ထွက်ခွင့်ကတ်ဖြင့် ဝင်ရောက်နိုင်ပြီ

စက်တင်ဘာ ၂၀

       ရန်ကုန်လေဆိပ်အတွင်း ခရီးသည်လိုက်ပါ ပို့ ဆောင်မည့်သူများ ယာယီဝင်/ထွက်ခွင့်ကတ်ဖြင့် ဝင်ရောက်နိုင်ပြီဟု  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ထုတ်ပြန်ချက်အရ သိရပါသည်။

      ခရီးသည် လိုက်ပါပို့ဆောင်မည့်သူများ လေ ဆိပ် အတွင်းသို့ ယာယီဝင်/ထွက်ခွင့်ကတ် ထုတ်ယူကာ  လိုက်ပါပို့ဆောင်နိုင်ပြီဖြစ်ကာ  ယာယီဝင်/ထွက်ခွင့်ကတ် ထုတ်ယူရာတွင် မှတ်ပုံတင်ပြသရန်လိုအပ်ပြီး မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန် မလိုအပ်ကြောင်း သိရပါသည်။

      လေဆိပ်အတွင်းသို့ လိုက်ပါ ပို့ဆောင်သူများအနေနှင့်  လေဆိပ် Public Area ယာယီဝင်/ထွက်ခွင့်ကတ် ပြားအား ချိတ်ဆွဲပြီး ဂိတ်အမှတ် (၂) မှ အစစ်ဆေးခံဝင်ရောက်ကာ ဂိတ်အမှတ် (၆)မှ ပြန်လည်ထွက်ခွာရမည်ဟု သိရပါသည်။ ခရီးသည်ပို့ဆောင်/ကြိုဆိုစဉ် လေဆိပ် Terminal Public Area အတွင်း၌ ယာယီဝင်/ထွက်ခွင့် ကတ်ပြားအား အမြဲတမ်းချိတ်ဆွဲထားရမှာဖြစ်ပြီး လေဆိပ်၏လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာရမှာဖြစ်သလို ယာယီဝင်/ထွက်ခွင့်ကတ်ပြားဖြင့် အလွဲသုံး စားပြုလုပ်ပါက သက် ဆိုင်ရာမှ အရေးယူခြင်းခံရမှာ သိရပါသည်။

#PAN