ရန်ကုန်မြို့တွင်းရှိ YBS ယာဉ်လိုင်းများ အများပိုင်ကုမ္ပဏီ တည်ထောင်ရန် ဆွေးနေမှုတွေရှိနေ

စက်တင်ဘာ ၂၀

        ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများကို အများပိုင်ကုမ္ပဏီတည်ထောင်ရန်အတွက်  သက်ဆိုင်ရာ ဌာနများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော် မတီ YRTC မှ သိရပါသည်။

       လတ်တလောတွင် YBS အများပိုင်ကုမ္ပဏီ တည်ထောင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများဦးစီး ဌာန(DICA)နှင့် ဆွေးနွေးနေရာ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဥပဒေအရပြီးပြည့်စုံသည့်ကုမ္ပဏီဖြစ်စေရန်အတွက် အများပိုင်ကုမ္ပဏီတည်ထောင်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးနေဆဲ ဖြစ်သည်ဟု ဆိုပါသည်။

       ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများအနက် တစ်ဦးတည်းပိုင် YBS ယာဉ်လိုင်းများကို အများပိုင်ကုမ္ပဏီအောက်သို့ ပြောင်းလဲဝင်ရောက်ရန် အသိပေးထားသော်လည်း အချို့ ယာဉ်လိုင်းများက ပြောင်းလဲပြေးဆွဲခြင်း မရှိသေးကြောင်း သိရပါသည်။

        လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့်တစ်ဦးချင်းပိုင် YBS ယာဉ်လိုင်းအများစုအနေနှင့် လမ်းပြောင်းပြန်မောင်းခြင်း၊ ကားချင်းပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ ကျော်တက်ခြင်းများ ပြုလုပ်တဲ့အပြင် ယာဉ်အကူထားရှိကာ ယာဉ်စီးခကောက်ခံခြင်းကိုပါ ပြုလုပ်နေသည်ဟု ဆိုသည်။ လက်ရှိတွင် YBS ယာဉ်လိုင်းများထဲမှ တစ်ဦးချင်းပိုင်ယာဉ် အစီးရေ ၁,၀၀၀ နီးပါး ကျန်ရှိနေသေးကြောင်း YRTA ၏ စာရင်းများအရ သိရှိရပါ သည်။

#PAN