စက်တင်ဘာ ၂၀
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un သည် ၎င်း၏ တစ်ပတ်ကြာ ရုရှားနိုင်ငံသို့ ခရီးစဉ်ပြီးဆုံးပြီးနောက် မြောက်ကိုရီးယား မြို့တော်ပြုံယမ်းမြို့ သို့ ပြန်လည်ရောက် ရှိလာခဲ့ပြီဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။
ထို့နောက် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က သူ၏ ရုရှားခရီးစဉ်အပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက် အင်္ဂါနေ့ညပိုင်းတွင် ရုရှားနိုင်ငံ မှ ပြုံယမ်း(မြောက်ကိုရီးယား) ကို ပြန်လည် ရောက်ရှိ လာခဲ့တာဖြစ်ပြီး ခေါင်းဆောင် ကင်ဂျုံအွန်အား မြောက်ကိုရီးယားနိုင်ငံ၏ အကြီးတန်း အရာရှိများနှင့် ဂုဏ်ပြု တပ်ဖွဲ့ဝင်များက ၎င်းတို့ နိုင်ငံ၏ ဘူတာရုံတွင် ကြိုဆို နှုတ်ဆက် မှုများ ပြုလုပ် ခဲ့ကြပြီး ၎င်း၏ ခရီးစဉ်သည် မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးကို ခိုင်မာစေသည့် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ခဲ့ကြောင်းလည်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပြောဆိုထားပါတယ်။
ပြီးခဲ့သည့် သီတင်းပတ်က ရုရှားခရီးစဥ်အတွင်း ခေါင်းဆောင် ကင်မ်သည် ရုရှားနိုင်ငံပိုင် တိုက်လေယာဉ် များ ထုတ်လုပ်နေသည့် စက်ရုံကြီးအား သွားရောက် လည်ပတ် မှုများပြုလုပ် ခဲ့ပြီး ရုရှားနိုင်ငံ၏ လေကြောင်း နည်းပညာဆိုင်ရာ များကို ချီးကျူးခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အဆိုပါ ခရီးစဉ်အတွင်း ခေါင်းဆောင် ကင် က ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးသည် ၎င်း၏ နံပါတ်တစ် ဦးစားပေးဖြစ်ခဲ့ကြောင်း ကြေညာခဲ့ပြီး ရုရှားသမ္မတ ပူတင်နှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ ဂုဏ်ပြု ရိုင်ဖယ် သေနတ် လဲလှယ်မှုလည်း ပြုလုပ်ခဲ့ကြပါတယ်။
မော်စကို(ရုရှား) နှင့် ပြုံယမ်း (မြောက်ကိုရီးယား) တို့သည် သမိုင်းဝင် မဟာမိတ်များဖြစ်ပြီး တောင် – မြောက် ကိုရီးယား စစ်ပွဲအတွင်းတွင်လည်း ကောင်းမွန်သော ဆက်ဆံရေး များရှိခဲ့ကြပြီး ဘေဂျင်း(တရုတ်) နိုင်ငံသည်လည်း မြောက်ကိုရီးယား၏ အဓိက အကြီးဆုံး ကုန်သွယ်ဖက်နှင့် နိုင်ငံ၏ အရေးအကြီးဆုံး ကျေးဇူးရှင်ဖြစ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် Kim Jong Un က ပြောကြားခဲ့ပါတယ်လို့ နိုင်ငံပိုင် မီဒီယာ KCNA သတင်းဌာနမှ ထုတ်ပြန် ကြေညာ ခဲ့တာ လည်းဖြစ်ပါတယ်။
ထို့နောက် မြောက်ကိုရီးယား ခေါင်းဆောင် က အဆိုပါ ခရီးစဥ်အတွင်း ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက် နျူကလီး ယား ဗုံးကြဲ လေယာဉ်များ၊ အသံထက်မြန်သော ပဲ့ထိန်း ဒုံးကျည်များနှင့် စွမ်းဆောင်ရည်မြင့် မားသည့် စစ်သင်္ဘောကြီး များကို လေ့လာခဲ့ပြီး ရုရှားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့်လည်း တွေ့ဆုံမှုများ ပြုလုပ် ခဲ့ကြောင်း သတင်းဌာနများ ကဖော်ပြ ပြောဆို ထားကြပါတယ်။