နိုင်ငံလေးနိုင်ငံ၏ သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအား ဗီဇာ ကင်းလွတ်ခွင့် ထပ်မံခွင့်ပြု

စက်တင်ဘာ ၂၀

      မြန်မာနိုင်ငံအနေနှင့် အပြန်အလှန်ဗီဇာ သဘောတူညီချက်ကို ဘယ်လာရုစ်၊ မော်ရိုကို၊ နီပေါနှင့် ဂျပန် နိုင်ငံတို့မှ သံတမန်နိုင်ငံကူးလက် မှတ်(Diplomatic Passport) ကိုင်ဆောင်ထားသူများနှင့် အထူးနိုင်ငံကူး လက်မှတ်(Special Passport) ကိုင်ဆောင်သူများအား ဗီဇာကင်း လွတ်ခွင့် ခွင့်ပြုပေးလိုက်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စက်တင်ဘာလ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားပါသည်။

       အဆိုပါ အပြန်အလှန် ဗီဇာသဘောတူညီချက်ကို နှစ်ဖက်နိုင်ငံများမှ ကျင့်သုံးသွားမည်ဟု သိရှိရပြီး ဗီဇာကင်းလွတ်ခွင့်ရ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် နိုင်ငံသတ် မှတ်ချက်အလိုက် ပြည်တွင်းတွင် ရက်ပေါင်း ၃၀ မှ ၉၀ အထိ နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး ၎င်းအစီအစဉ်ကို စက်တင်ဘာလ ၇ ရက်မှ စတင်ကျင့်သုံးလျက်ရှိကြောင်း သိရှိရပါသည်။

      မြန်မာနိုင်ငံနှင့် အပြန်အလှန် ဗီဇာကင်းလွတ် ခွင့်ရထားသော နိုင်ငံ ၂၄ နိုင်ငံရှိပြီး အာဆီယံနိုင်ငံ ၉ နိုင်ငံ အပြင် ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ တရုတ်၊ ကိုလံဘီယာ၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မွန်ဂိုးလီးယား၊ ရုရှား၊ ဆားဘီးယား၊ သီရိလင်္ကာနိုင်ငံ တို့ဖြစ်ပြီး ယခုထပ်မံခွင့်ပြုခဲ့သည့် နိုင်ငံ ၄ နိုင်ငံတို့ ပါဝင်သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရပါသည်။

#PAN