“အမေရိကန် နိုင်ငံ စစ်တပ်က ၎င်းတို့နိုင်ငံ ထုတ် F – 35 တိုက်လေယာဥ် အမျိုးအစား အားလုံး ကို နိုင်ငံအတွင်း ၂ရက်ကြာ အသုံးပြုခြင်းများ မပြုလုပ် ကြရန် အမိန့်ထုတ် ပြန်ထား”

စက်တင်ဘာ ၁၉

အမေရိကန် စစ်တပ်က ၎င်းတို့ စစ်တပ်၏ မရိန်းတပ်ဖွဲ့သုံး F-35 တိုက်လေယာဥ် အားလုံးကို ၂ ရက်ကြာ အသုံးပြုခြင်းများမရှိ ရပ်နားထား ရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။

အမေရိကန် မရိန်းတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က ABC သတင်းဌာနသို့ ​ပြောကြား ခဲ့ရာတွင် အမေရိကန် စစ်တပ်မှ အတည်ပြု ထားသည့် အတိုင်း ပြည်တွင်း နှင့် နိုင်ငံတကာလေကြောင်း အားလုံးကို ယခုသီတင်းပတ်တွင် ၂ရက်ကြာ ရပ်နားထားရန် အမိန့်ထုတ်လိုက်ကြောင်း အမေရိကန် မရိန်းတပ်ဖွဲ့မှူး အဲရစ်စမစ်က ပြောကြားခဲ့တာ လည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ရက်နေ့ ဖြစ်ပျက်ခဲ့သည့် “အမေရိကန် နိုင်ငံထုတ် F- 35 အပျက်အစီးမှုများ” အပြီးမှာ အဆိုပါ ဂျက်လေယာဉ်ကို ရှာမတွေ့သေးကြောင်း နှင့် အမေရိကန် စစ်တပ်က ဆက်လက် ရှာဖွေနေကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

ထို့နောက် ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက် နေ့ တနင်္လာနေ့က အမေရိကန် နိုင်ငံ၏ တောင်ကယ်ရိုလိုင်းနား ရှိ ရေကန်၂ခုအနီးတွင် ပျောက်ဆုံးနေသော အဆိုပါ F-35 အမျိုးအစား တိုက်လေယာဥ် ကို အမေရိကန် စစ်တပ်က ရှာတွေ့ခဲ့ပြီးဖြစ်ကြောင်း လေယာဉ်မှူး က အသက်ရှင် ထွက်ခွာသွားနိုင်ခဲ့ပြီးနောက် ပျက်ကျခဲ့သည့် စစ်ဂျက်လေယာဉ်တစ်စင်းအား တွေ့ရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါ စစ်တိုက် လေယာဥ်အား ရှာဖွေမှုများ ပြုလုပ်နေကြသည့် အမေရိကန် အာဏာပိုင်များက ထုတ်ပြန် ကြေညာ ထားပါတယ်။

အမေရိကန် စစ်တပ်၏ ခေတ္တ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အဲရစ်စမစ် က ပျောက်ဆုံးသွားသော နည်းဗျူဟာမြောက် ကိုယ်ပျောက် တိုက်လေယာဉ် တစ်စင်းကို ၂၄ နာရီကြာ တွင် ရှာဖွေမှုများပြုလုပ် ပြီးနောက် မရိန်း လေတပ်အားလုံး ကို ၂ရက်ကြာ ရပ်နား လိုက်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

အဆိုပါ လေကြောင်းအသုံးပြုမှုရပ်နား လိုက်ကြောင်းကို ပြီးခဲ့သည့် ​၆ပတ်ကာလ အတွင်း “Class-A အဆင့်ရှိ လေကြောင်း မတော်တဆမှု ၃ခုကြောင့်”လို့ မရိန်းတပ်ဖွဲ့၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြပြော ဆ်ိုထားပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆို ထားကြပါတယ်။

သတင်းဌာနများ၏အဆိုအရ ပြီးခဲ့သည့်လ အတွင်း လူ သေဆုံးမှုများဖြစ်ပွား ခဲ့သည့် အမေရိကန် စစ်တပ်၏ သယ်ယူပို့ဆောင်ရေး ယာဥ်များ ပျက်ကျမှု နှစ်ခုဖြစ်ပြီးခဲ့ပြီး ဩစတြေးလျနိုင်ငံ တွင် အမေရိကန် မရိန်းတပ်သား ၃ဦး ထိသေဆုံးပြီး အခြား ဒဏ်ရာရရှိသူ ၂ဦးထိ ရှိခဲ့ကြောင်းလည်း ဖော်ပြပြော ဆိုထားကြပါတယ်။