မြင်းခြံမြို့နယ်တွင် သာမန်ပြည်သူ တစ်ဦးကို လူသတ်အကြမ်းဖက် PDF ၆ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၁၉

       မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊နဘူးအိုင်ကျေးရွာအနီး၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ဦးမောင်မောင်၊၅၃နှစ်၊(ဘ)ဦးပဲ၊တောင်သူ၊ရွှေဘုံသာကျေးရွာ၊မြင်းခြံမြို့နယ်နေသူကို လူသတ်အကြမ်းဖက် PDF ၆ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

         ဖြစ်စဥ်မှာ ဦးမောင်မောင် သည် ၁၂ယ/၄၁၇၃၆၊ Dream အနက်ရောင်ဆိုင်ကယ်ဖြင့် ရွှေဘုံသာကျေးရွာရှိ ၎င်း၏နေအိမ်မှ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် နဘူးအိုင်ကျေးရွာစျေးသို့ စျေးဝယ်ရန် တစ်ဦးတည်းသွားရောက်ခဲ့ရာ နံနက် ၉ နာရီအချိန်ခန့် နဘူးအိုင်ကျေးရွာအဝင် ဆိုင်းဘုတ်အနီး အရောက်တွင် အမည်မသိ အကြမ်းဖက် PDF ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် နောက်မှလိုက် ပါလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ နဘူးအိုင်ကျေးရွာ၏ မြောက်ဘက် မြို့သာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရပါသည်။

      ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးမောင်မောင် တွင် ယာဘက် နားထင်ဖောက်ဝင်ပြီး ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာ ၂ ချက်၊ ယာ – ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ – လက် မောင်း ပေါက်ပြဲဒဏ်ရာ ၂ ချက်တို့ဖြင့် အခက်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ M-22 ကျည်ခွံ ၃ ခု တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

      ဦးမောင်မောင် သည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိဘဲ သာမန်ပြည်သူ တစ်ဦးသာဖြစ် ကြောင်း၊ လွန်ခဲ့သည့် ၃ ရက်ခန့်က သေဆုံးသူ ဦးမောင်မောင် သည် ရွာသားတစ်ယောက်နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ရွာသားက သတ်ပစ်မည်ဟု ကြိမ်းဝါးခဲ့သည့် ဖြစ်စဥ်ရှိကြောင်း၊ ဦးမောင်မောင် ယခု အသတ်ခံရမှုတွင် ၎င်းရွာသားက အကြမ်းဖက်အဖွဲ့ကို ဒလန်ဟူ သော ခေါင်းစဥ်ဖြင့် လက်ထောက်ချကာ သတ် ဖြတ်စေခိုင်းခြင်း ဖြစ်နိုင်ကြောင်း၊ ၎င်းရွာသားမှာ ယခုအခါ ရှောင်တိမ်းနေကြောင်း ဒေသခံရွာသားများထံမှ သိရှိရပါသည်။

#PAN