ပျောက်ဆုံးနေသော F-35 တိုက်လေယာဉ်ကို ဝိုင်းဝန်းရှာဖွေပေးကြရန် အမေရိကန် စစ်ဘက်တောင်းဆို

စက်တင်ဘာ ၁၉

       စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းမှ စ၍ ပျောက်ဆုံးနေသော F-35 တိုက်လေယာဉ်ကို ဝိုင်းဝန်း ရှာဖွေပေးကြရန် အမေရိကန်စစ်ဘက်က ပြည်သူများကို ထူးထူးခြားခြား တောင်းဆိုလိုက်ကြောင်း သိရသည်။

        တိုက်လေယာဉ်မှူးသည် တောင်ကာရိုလိုင်းနားပြည်နယ်၌ တိုက်လေယာဉ်ကို မောင်းနှင်နေစဉ် မတော်တဆမှု ဖြစ်ကာ လေယာဉ်ပေါ်မှ ဘေးကင်းစွာ ခုန်ထွက်လိုက်နိုင်သော်လည်း လေယာဉ်မှာမူ ကံဆိုးစွာပျောက်ဆုံးနေခြင်း ဖြစ်သည်။

        F-35 သည် ကိုယ်ပျောက်တိုက်လေယာဉ် အမျိုးအစားဖြစ်သည့်အတွက် ရှာဖွေရေးအဖွဲ့အနေဖြင့် အလွယ်တကူ မရှာဖွေနိုင်သောကြောင့် ဒေသခံများအနေဖြင့် ရှာဖွေတွေ့ရှိပါက ကာကွယ် ရေးဆိုင်ရာ စစ်ဆင်ရေးဌာန အခြေစိုက်စခန်းသို့ အကြောင်းကြားရန် ထိုစခန်းက ပြည်သူများကို တောင်းဆိုထားကြောင်း CNA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

#PAN