“တရုတ် – ထိုင်ဝမ် နှစ်နိုင်ငံတို့အကြား ဆက်ဆံရေး တင်းမာမှုများ မြင့်တတ် လာပြီး နောက် တရုတ်နိုင်ငံက ထိုင်ဝမ် ဒေသ၏ လုံ ခြုံရေး ဆိုင်ရာများကို ပျက်စီးစေသည့် ရန်စ မှုများ ပြုလုပ်နေကြောင်း ထိုင်ဝမ် ကာကွယ် ရေးဝန်ကြီးဌာနက စွပ်စွဲပြောဆ်ိုခဲ့”

စက်တင်ဘာ ၁၉

ထိုင်ဝမ်နိုင်ငံ ကျွန်း တစ်ဝိုက်တွင် တရုတ်နိုင်ငံ စစ်တပ်၏ စစ်လေယာဉ် ဒါဇင်ပေါင်းများစွာကို တစ်ရက်အတွင်း တွေ့ရှိခဲ့ရကြောင်း ထိုင်ဝမ် ကျွန်းကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက် အင်္ဂါနေ့က ပြောကြားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံ၏ ထိုင်ဝမ် နိုင်ငံအပေါ် ရန်စသည့်လုပ်ရပ်များကို ရပ်တန့်ရန် ပေကျင်း(တရုတ်)ကို တောင်းဆိုခဲ့တာ လည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံပိုင် စစ်ရေယာဥ်အုပ်စုများသည် ပြီးခဲ့သည့် တနင်္လာနေ့ မှ အင်္ဂါနေ့ နံနက်ပိုင်း အချိန်အထိ ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် စစ် လေယာဉ် ၅၅ စီး ပျံသန်းခဲ့ပြီး ရေတပ်သင်္ဘော ၇စင်း ထိ ရောက်ရှိလာ ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ကြေညာထားပြီး ပေကျင်း(တရုတ်) အနေဖြင့် ထိုင်ဝမ်အား ၎င်း၏ပိုင်နက်နယ်မြေအဖြစ် တစ်နေ့တွင် သိမ်းယူသွား မည်လို့ အခိုင်အမာပြောဆိုခဲ့ပြီး နောက် မကြာသေးမီနှစ်များအတွင်း တိုင်ပေ(ထိုင်ဝမ်) အပေါ် သံတမန်ရေးနှင့် စစ်ရေးအရ ဖိအားပေးမှုများ အရှိန်မြှင့်တင် နေခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ နှင့် ထိုင်ဝမ်နိုင်ငံတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုများ မြင့်တက်လာ ပြီးနောက်ပိုင်း ၎င်းတို့ ဒေသတွင်းလုံခြုံရေးကို ယိုယွင်း ပျက်စီးစေသည့် ရန်စသည့် အပြုမူ လုပ်ရပ်များကို တရုတ်နိုင်ငံက လုပ်ဆောင် နေကြောင်းလည်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၈ရက် အင်္ဂါနေ့က စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။