စက်တင်ဘာ ၁၈
အိန္ဒိယနိုင်ငံအလယ်ပိုင်းဒေသ Madhya Pradesh ပြည်နယ် တွင် ပြီးခဲ့သည့် ၄၈ နာရီအတွင်း အလွန်ပြင်းထန် ကြီးမားမိုးရွာ သွန်းမှုများဖြစ်ပွားခဲ့ရပြီး မိုးရေချိန် ၅၄၀ မီလီမီတာထိ မှတ်တမ်း တင်ခံခဲ့ရတာ လည်းဖြစ်ပါတယ်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက် သောကြာနေ့က အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ်ကြီးတွင် ဒေသအများအပြားတွင် မိုးသည်း ထန်စွာရွာသွန်းခဲ့ရပြီး အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက လည်း ယနေ့ စက်တင်ဘာ ၁၈ရက်နေ့ တနင်္လာနေ့အထိ အဆိုပါ ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းလိမ့် မည်လို့ ခန့်မှန်းထားပါတယ်။
အဆိုပါ မိုးသည်ထန်စွာရွာသွန်းနေစဥ်အတွင်း အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ Shipra မြစ်ရေသည် မြစ်ရေလျှံမှုများကြောင့် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက် စနေနေ့က Ujjain ရှိ ဘုရားကျောင်းများ နစ်မြုပ်သွားခဲ့ရပါတယ်။
ထို့နောက် Hoshangabad၊ Khandwa၊ Khargone၊ Ratlam ကဲ့သို့သော လွှတ်တော်အမတ်များ၏ မြို့အသီးသီးတွင် ပြင်းထန်သော ရေလွှမ်းမိုးမှု ဖြစ်ပွား လိမ့်မည်လို့လည်း မျှော်လင့်ရကြောင်း သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။