ရေးမြို့နယ် ၊ အောင်သုခရပ်ကွက်တွင် အမည်မသိ လူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

စက်တင်ဘာ ၁၈

         ယနေ့ နံနက် ၁၀နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက် ၏အနောက်တောင်ဘက် ၅ ဖာလုံခန့်အကွာတွင် အမည်မသိ အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်ခံရကြောင်း သိရှိရပါသည်။

        ဖြစ်စဥ်မှာ ရေးမြို့နယ်၊ အောင်သုခရပ် ကွက်တွင် ပုဂံလမ်းအတိုင်း မြောက် မှ တောင်သို့ TLL-4B/ 8587 Honda Fit (ခဲရောင်)(လိုင်စင်စိစစ်ဆဲ)ယာဥ်ဖြင့် တစ်ဦး(အမည်စီစစ်ဆဲ)တည်းမောင်းနှင်လာစဥ် ဆိုင်ကယ်စီးလာသူ အကြမ်း ဖက်သမား PDF အမျိုးသားနှစ်ဦးမှ သေနတ်အရှည်ဖြင့် ပစ်ခတ်သွားကြောင်း ၊ဦးခေါင်းယာ ဘက်နားထင်ပွင့်ထွက် ဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါအခင်းဖြစ်နေရာအနီးမှ ၅.၅၆ (M 16) ကျည်  ၅တောင့် တွေ့ရှိရပြီး  တရားခံ ဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN