“ယူကရိန်း စစ်ဘေး ဒုက္ခသည်အများ ဆုံး ရွှေ့ပြောင်းနေထိုင် သည့် ကနေဒါ နိုင်ငံက ယူကရိန်း စစ်တပ်အား ရုရှားနိုင်ငံ၏ ဒုံးကျည်များ နှင့် ဒရုန်းများ တိုက်ခိုက်မှုများကို ဟန့်တားနိုင်ရန် ကန်ဒေါ်လာ ၃၃သန်း တန်ဖိုးရှိ လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ ထောက်ပံ့ ပေးပို့မှုများ ပြုလုပ်သွားဖွယ်ရှိနေ”

စက်တင်ဘာ ၁၈

ကနေဒါနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ဘီလ်ဘလဲ က ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၃၃ သန်းတန်ဖိုးရှိ လေကြောင်း ရန် ကာကွယ်ရေးပစ္စည်းများကို ၎င်းတို့နိုင်ငံ အနေဖြင့် ဝယ်ယူထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

ကနေဒါနိုင်ငံက ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံ ကို တန်ပြန်ထိုးစစ်ဆင်နေသောကြောင့် ယူကရိန်းအတွက်ကန်ဒေါ်လာ ၃၃ သန်းတန်ဖိုးရှိ လေကြောင်းရန်ကာကွယ်ရေးပစ္စည်းများကို ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Bill Blair က တနင်္ဂနွေနေ့တွင် တရားဝင်ထုတ် ပြန်ကြေညာ ခဲ့တာဖြစ်ပါတယ်။

ကနေဒါ၏ ယူကရိန်းတို့ အပေါ် ပံ့ပိုးကူညီမှုများ သည် ရုရှားတို့၏ ဒုံးကျည်များနှင့် ဒရုန်း များ တိုက်ခိုက်မှုများကြောင့် ခြိမ်းခြောက်ခံနေရသည့် ယူကရိန်းစစ်တပ် အတွက် လေကြောင်းရန် ကာကွယ်ရေးပစ္စည်းများဖြစ်ပြီး UK ယူကေ ဦးဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

“ဒီညွန့်ပေါင်းအဖွဲ့ရဲ့ ရည်ရွယ်ချက်က ယူကရိန်းအတွက် တာတို နဲ့ တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေအပါအဝင် ဆက်စပ်စနစ်တွေ ရာနဲ့ချီ ပါဝင်ပြီး ယူကရိန်းစစ်တပ်အတွက် ဦးစားပေး လေကြောင်းရန် ကာကွယ် ရေးပစ္စည်းတွေကို ဝယ်ယူဖို့ဖြစ်ပြီး ယူကရိန်းက ရုရှားရဲ့တန်ပြန်ထိုးစစ်များမှကာကွယ်နိုင်စေဖို့ပါ” လို့ ဘလဲက အဆိုပါ ကြေညာချက် ထုတ်ပြန်စဥ် အတွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံ၏ ဝန်ကြီးချုပ်(လိင်တူချစ်သူ) Justin Trudeau က ပြီးခဲ့သည့် ဇွန်လတွင် ကြေညာခဲ့သော ကိယက်ဗ်(ယူကရိန်း)တို့ အတွက် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီ၏ တစ်စိတ်တစ်ပိုင်း လည်းဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အများဆုံး ယူကရိန်း စစ်ဘေး ဒုက္ခသည်များ ရွှေ့ပြောင်းနေထိုင်သူများထဲမှ တစ်ခုဖြစ်သည့် ကနေဒါနိုင်ငံ သည် ကိယက်ဗ်(ယူကရိန်း)တို့ ကို ထောက်ခံသူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရုရှားနိုင်ငံသည် ၎င်း၏အိမ်နီးချင်း(ယူကရိန်း) ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးကတည်းက ကနေဒါနိုင်ငံသည် ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၁.၈ ဘီလီယံခန့်အပါအဝင် အခြားသော အကူအညီဒေါ်လာ ၈ ဘီလီယံကျော်ကို ကတိပြုခဲ့သော နိုင်ငံလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။