မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရုရှားနိုင်ငံရှိ လေယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွား ရောက် လေ့လာ

စက်တင်ဘာ ၁၈

       မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်း ဆောင် ကင်ဂျုံအန်သည် ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားအရှေ့ဖျားဒေသရှိ စက်မှုလုပ်ငန်းအချက်အချာနေရာဖြစ်သော ကွန်ဆိုမိုလ် နာမိုရ် (Komsomolsk-on-Amur)မြို့တွင် ရောက်ရှိနေစဉ် အဓိကလေယာဉ်စက်ရုံသို့ စက်တင်ဘာလ ၁၅ ရက်က သွားရောက်လေ့လာခဲ့ကြောင်း Korean Central News Agency (KCNA) က စက်တင်ဘာလ ၁၆ ရက် သတင်းတွင် ဖော်ပြထားသည်။

       မြောက်ကိုရီးယားခေါင်းဆောင် ကင် သည် ယူရီဂါဂါရင် အယ်လ်ဘီရေးရှင်း (Yuri Gagarin Aviation) စက်ရုံသို့ သွားရောက်လေ့လာစဉ် Su-57 တိုက်လေ ယာဉ်ဖြင့် လိုက်ပါကာ လေ ယာဉ်၏ နည်းပညာဆိုင်ရာ အသေးစိတ်ဖော်ပြချက်များနှင့် ပျံသန်းမှုစွမ်းဆောင်ရည်ကို လေ့လာခဲ့ပြီး Su-35 တိုက်လေ ယာဉ် သရုပ်ပြပျံသန်းမှုကိုလည်း ကြည့်ရှုခဲ့သည်။ ထို့ပြင် ကင် သည် ယင်းစက်ရုံမှထုတ်လုပ်လျက်ရှိသော ခရီးသည်တင် လေယာဉ်၏ စွမ်းဆောင်မှုကိုလည်း လေ့လာခဲ့ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။

        ကင် သည် ရုရှား လေယာဉ်ထုတ်လုပ်ရေးစက်ရုံ ၏ သီးခြားရပ်တည်မှုအလားအလာနှင့် ခေတ်မီမှုကို အထင်ကြီးလေးစားခဲ့ကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။ အဆိုပါ ယူရီဂါဂါရင် အယ်လ်ဘီရေးရှင်း (Yuri Gagarin Aviation) လေယာဉ်စက်ရုံကို ၁၉၃၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရုရှားကာကွယ်ရေးစက်ရုံနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးစက်ရုံ၏ အရေးပါသော အခြေစိုက်စခန်းတစ်ခု ဖြစ် ကြောင်း ဆင်ဟွာသတင်း ဌာန၏ ဖော်ပြချက်အရ သိရသည်။

#PAN