မိုးသည်းထန်စွာရွာသွန်းစဥ် ညောင်ဦးမြို့ နယ်၊ ပုဂံမြို့ဟောင်းအရှေ့ပိုင်းရှိ ဓမ္မရာဇကစေတီတော်ကြီးမိုးကြိုးစက်ကွင်းခ

စက်တင်ဘာ ၁၈

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းစဥ် ညောင်ဦးမြို့ နယ်၊ ပုဂံမြို့ဟောင်းအရှေ့ပိုင်း၊ ဖွားစောကျေးရွာ အုပ်စု၊ သူဌေးကန်ကျေးရွာအနီး၊ သစ်မထီးကျောင်းတိုက်အနီးရှိ ဓမ္မရာဇကစေတီတော်ကြီးမှာ ယမန်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် စေတီတော်မြတ်ကြီး၏ ခေါင်း လောင်းတော်နှင့် ကြာမှောက်ကြာလှန်ကြားဖောင်းလုံတော်နေရာများတွင် မိုးကြိုးစက်ကွင်းခခဲ့ကြောင်း သိရပါသည်။

         စေတီတော်မြတ်ကြီး မိုးကြိုး စက်ကွင်းခမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးတိုးလွင်၊ ရှေး ဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၊ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးစိုး၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အလိုတော်ပြည့်ကျောင်း တိုက် ဆရာတော် ဦးပဏ္ဍိတတို့မှ သွားရောက်ကြည့်ရှု့စစ်ဆေးရာ စေတီတော်မြတ်ကြီးတွင် ယခင်တည်းကပင် မိုးကြိုးလွှဲ တပ်ဆင်ထားခြင်းမရှိကြောင်း၊ မိုးကြိုးစက်ကွင်းခမှုကြောင့် စေတီတော်မြတ်ကြီးမှ အုတ်များပွင့်ထွက်ခြင်း၊ မူလအင်္ဂတေအလွှာကွာကျခြင်း၊ ရှေးဟောင်းအဆောက် အဦးဆိုင်ရာ ပျက်စီးမှုတစ်စုံတစ်ရာ မတွေ့ရှိရကြောင်းနှင့် ကပ်လှူဒါန်းထားသည့် ရွှေသင်္ကန်းပျက်ဆီးဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၀၀ ခန့် ပျက် စီးခဲ့ပြီး ပွင့် လင်း ရာသီအချိန် ထီးတော်အသစ်ကပ်လှူရန်အတွက် ငြမ်းဝါးဆင်သည့် အချိန်တွင် ရွှေသင်္ကန်းပြန်လည် ကပ်လှူနိုင်ရေး စီစဉ်ဆောင် ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

       စေတီပုထိုးအမှတ်၊ ၉၃၇/၄၁၂- က ဓမ္မရာဇကစေတီတော်ကြီးသည် ဉာဏ်တော် ၁၃၄ ပေအမြင့်ရှိပြီး နရပတိစည်သူမင်း (၁၁၇၄ – ၁၂၁၁) က ခရစ်နှစ် ၁၁၉၇ ခုနှစ်တွင် တည်ထားခဲ့ကြောင်း ယခုဆိုရင် နှစ်ပေါင်း ၈၂၀ ကျော်သက်တမ်းရှိပြီဖြစ်ကြောင်း သိရပါသည်။

#PAN