“တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ က အမေရိကန် နိုင်ငံအနေဖြင့် ထိုင်ဝမ်နိုင်ငံအား စစ်ရေးဆက် ဆံမှုများ ဖြတ်တောင်နိုင်ရန် နှင့် စစ်လက်နက် တပ်ဆင်မှုများ ရပ်တန့်နိုင်ရန် တောင်း ဆိုထားပြီး လိုက်နာမှုများမရှိပါက တရုတ်နိုင်ငံ၏ ပြတ်ပြတ်သားသား လက်တုံ့ပြန် အရေးယူခြင်း မျိုး နှင့်ရင်ဆိုင်ရလိမ့်မည်လို့ သတိပေး ပြောကြားခဲ့”

စက်တင်ဘာ ၁၈

ထိုင်ဝမ်နိုင်ငံအား အမေရိကန်နိုင်ငံမှ စစ်ရေးဆက်ဆံမှုများ ဖြတ်တောက်နိုင်ရန်နှင့် စစ်လက်နက်တပ်ဆင်မှုများ ရပ်တန့်ရန် တရုတ်နိုင်ငံက အမေရိကန်ကို တောင်းဆိုထား ပြီးလည်းဖြစ်ပါတယ်။

အဆိုပါ တောင်းဆိုမှုများ အား လိုက်နာမှုများ မရှိပါက အမေရိကန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ ဘက်မှ ပြတ်ပြတ်သားသား လက်တုံ့ပြန်အရေးယူခြင်းမျိုးနှင့် ရင်ဆိုင်ရလိမ့်မည် လို့ နိုင်ငံခြားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြီးခဲ့သည့် စက်တင်ဘာ ၁၇ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစား ရှင်းလင်းပွဲတွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် မော် က လော့ခ်ဟိဒ် မာတင်ကော်ပိုရေးရှင်း၏ Missouri ၏လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုကို ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်နေ့ က ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်သည့် အဓိက ကန်ထရိုက်တာအဖြစ် အတိအကျ အမည်ပေးဖော်ပြထားပြီး Northrop Grumman သည် ထိုင်ဝမ်သို့ လက်နက်ရောင်းချရာတွင် အကြိမ်ကြိမ် ပါဝင်ပတ်သက်နေကြတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသည် ထိုင်ဝမ်စစ်တပ်သို့ လက်နက်များ ထောက်ပံ့မှု ကြောင့် မယုံကြည်ရထိုက်သော အဖွဲ့အစည်းစာရင်းတွင် အမေရိကန်ကုမ္ပဏီများ Lockheed Martin နှင့် Raytheon Missiles & Defense တို့ကို ထည့်သွင်းခဲ့ပြီး နိုင်ငံအတွင်း အမည်ပျက် ကုမ္ပဏီ စာရင်း သွင်းခဲ့တာ လည်းဖြစ်ပါတယ်။