တရုတ်နိုင်ငံသို့ TBP ကတ်နှင့် သွားရောက်သူ တစ်ရက်ကို အနည်းဆုံး ၇၀၀ ခန့်ရှိ

စက်တင်ဘာ ၁၈

       မြန်မာ-တရုတ်နယ်စပ်ဂိတ်ပေါက်များမှ ယာ ယီနယ်စပ်ဖြတ်သန်းခွင့်ကတ် TBP နှင့် တရုတ်သို့ သွားရောက်သည့် မြန်မာလူဦးရေမှာ တစ်ရက်ကို အနည်းဆုံး ၇၀၀ ခန့် ရှိသည်ဟု သိရပါသည်။

       တရုတ်နိုင်ငံသို့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ် တို့မှာ စက်တင်ဘာလ ၄ ရက်မှစပြီး ၇ ရက် သက်တမ်းရှိသည့် TBP ကတ်နှင့် ဝင်ရောက်ခွင့်ပေးခဲ့ရာ ၁၀ ရက်အတွင်း လူဦးရေ ၈,၀၀၀ ကျော် ဝင်ရောက်ခဲ့သည်ဟု အဆိုပါ ကိစ္စရပ်များတွင် ပါဝင်ကူညီပေးနေတဲ့ မူဆယ်ကမ်းလက်ပရဟိတအသင်​မှ သိရပါသည်။

        TBP ကတ်မှာ အလည်အပတ် ဝင်ထွက်ခွင့်ပေးသည့် ကတ်ဖြစ်သော်လည်း မြန်မာနိုင်ငံသားများက အဆိုပါ ရက်အတွင်း အလုပ်သွားရောက်လုပ်ကိုင်ကြရာ လက်ရှိ စောင့်ဆိုင်းနေသူဦးရေ ၁၀,၀၀၀ ခန့်ရှိကြောင်း သိရပါသည်။

       တရုတ်နိုင်ငံသို့ ဝင်ရောက်လိုသူများသည့်အတွက် TBP ကတ်ပြုလုပ်ရန် ကြိုတင် ရက် ချိန်းပေးသည့်စနစ်နှင့် လုပ်ဆောင်နေပြီး စက် တင်ဘာလ  ၁၇ ရက်မှ ၂၉ ရက်နေ့အထိ ရက် ချိန်းပေးထားသူ ၆,၅၀၀ နီးပါးရှိကြောင်း သိရပါသည်။

       TBP ကတ်ကို နန်းတော်ဂိတ်ပေါက်နဲ့ ဆင်ဖြူဂိတ်ပေါက်မှာသာ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး မန့်ဝိန်းဂိတ် ပေါက်မှာ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကိုသာ ပြုလုပ်ပေးနေကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ဝင်ရောက်လိုသူများနေသော်လည်း စက်နဲ့ တစ်ဦးချင်းအလိုက် စာရင်းသွင်းရခြင်းကြောင့် ဂိတ်ပေါက် တစ်ခုကို လူဦး ရေ ၃၀၀ ခန့်သာ စေလွှတ်နိုင်ကြောင်း သိရပါသည်။

#PAN