စက်တင်ဘာ ၁၇
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ရှိ အာဏာပိုင်များသည် နီပါးဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုကို ထိန်းချုပ်ရန် စောင့်ကြည့်မှုအစီအမံများကို တိုးမြှင့်ထားကြောင်းတာဝန်ရှိသူများမှ ယမန်နေ့က ပြောကြားသည်။
ကိုဇ်ဟီကုတ်ခရိုင်တွင် ယခုအချိန်အထိ ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ခြောက်ဦးရှိပြီး နှစ်ဦးမှာ သေဆုံးသွားခဲ့သည်။ ယခုအချိန်အထိ ၎င်းခရိုင်တွင် နီပါးဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသူနှင့် ထိတွေ့ သူပေါင်း ၁,၀၈၀ ဦးရှိကြောင်း၊ ၎င်းတို့အနက် ၂၉၇ ဦးသည် ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ရှိသော အမျိုး အစားတွင် ပါဝင်နေကြောင်း အစိုးရပိုင်ရုပ်သံလွှင့်ဌာန အေအိုင်အာ ကဆိုသည်။
ကီရာလာပြည်နယ်အတွင်းရှိ ကိုဇ်ဟီကုတ်နှင့် မာလတ်ပူရမ်ခရိုင်တို့၌ ၂၀၁၈ ခုနှစ်က နီပါးဗိုင်းရပ်စ်ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီး ၁၇ ဦးသေ ဆုံးခဲ့သည်။
#PAN