အမေရိကန်နိုင်ငံ၌မော်တော်ကားကုမ္ပဏီမှ လုပ် သားများ သမိုင်းဝင်သပိတ်မှောက်

စက်တင်ဘာ ၁၇

       အမေရိကန်မော်တော်ကားသမဂ္ဂမှ ထောင်နှင့်ချီသည့် မော်တော်ကားလုပ်သားများသည် စက် တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက သပိတ်မှောက်ခဲ့ကြကြောင်း သိရသည်။

       ကားကုမ္ပဏီကြီးသုံးခုဖြစ်သည့် Ford၊ General Motors နှင့် Stellantis တို့မှ လုပ် သားများသည် ပထမဆုံးအကြိမ်အဖြစ် လုပ်ငန်း ခွင်မဝင်ဘဲ ရှိနေကြသည်။ လက်ရှိစာချုပ်သက် တမ်း ကျော်လွန်သွားသည့် စက်တင်ဘာလ ၁၄ ရက် ည ၁၁ နာရီ ၅၉ မိနစ်တွင် သပိတ်မှောက်မှု စတင်ခဲ့ခြင်းဖြစ်သည်။ မော်တော်ကား သမဂ္ဂဥက္ကဋ္ဌဖြစ်သူ ရှောင်ဖိန်း က ယခုအခြေအနေမှာ ရှက်ဖွယ်ကောင်းသည့် အခြေအနေဖြစ်သည်ဟု ပြောသည်။

      အဆိုပါ ကားကုမ္ပဏီကြီးများမှာ ၎င်းတို့၏ လုပ်သားများကို မိသားစုဟု ရည်ညွှန်းသော် လည်း မိသားစုကဲ့သို့ ဂရုစိုက်ခြင်းမရှိဟု ၎င်းက ပြောဆိုခဲ့သည်။ လာမည့် လေးနှစ်အတွက် လုပ် အားခကို ၃၆ ရာခိုင်နှုန်း တိုးပေးရန် သမဂ္ဂခေါင်း ဆောင်များက တောင်းဆိုခဲ့ကြသည်။ စံချိန်တင်အောင် အကျိုးအမြတ်များ ပြုလုပ်ပေးထားသည့်အတွက် ၎င်းတို့တောင်းဆိုသည့် လုပ်အားခကို မော်တော်ကားကုမ္ပဏီကြီးများက ပေးနိုင် သည်ဟုလည်း  ၎င်းက ပြောသည်။

       ကားကုမ္ပဏီကြီးများသည် လစာအနည်းငယ်သာတိုးပေးပြီး ကမ်းလှမ်းမှုများပြုလုပ်ထား သည်။ အဆိုပါ ကားကုမ္ပဏီကြီးသုံးခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် လုပ်သားပေါင်း ၁၄၀,၀၀၀ ကျော်ရှိသည်။ ၎င်းတို့ထဲမှအားလုံး သပိတ်တွင်ပါဝင်ကြခြင်း မဟုတ်ပေ။ အကယ်၍ ၎င်းတို့အားလုံး အလုပ်ပျက်ကွက်လျှင် ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော် စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်နိုင်သည်ဟု လေ့လာသူများက ပြောသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကမူ နှစ်ဖက်စလုံးနှင့် အဆက်အသွယ် ရှိကြောင်း အလုပ်သမားများသည်လည်း မျှတသည့်လုပ်အားခ ရသင့်ကြောင်း ပြော သည်။

#PAN