စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ် မြို့ရှောင်လမ်းအနီးတွင် တမူးအကြမ်းဖက်သမား TPDF များ အခြေပြုခိုအောင်းနေထိုင်လျှက်ရှိကြောင်း တာဝန်သိ ဒေသခံပြည်သူများ၏ လျှို့ဝှက် သတင်းပေးပို့လာရာ နယ်မြေခံလုံခြုံ ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အဆိုပါ တမူးအကြမ်းဖက် TPDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်သမားများ ကစဥ်ကလျား ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြကြောင်း သိရပါသည်။
အဆိုပါ နေရာအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်ရှင်းလင်းရာ အကြမ်းဖက်ခြေကုတ်စခန်းတစ်ခုဖြစ်ပြီး ၎င်း စခန်းအတွင်းတွင် ၃ ယောက်ဆံ့တဲ ၃၁ လုံး၊ ၂ ယောက်ဆံ့တဲ ၁၉ လုံး၊ နားနေဆောင် ၁ လုံး၊ အစည်းအဝေးခန်းမ ၁ လုံး၊ ထမင်းစားဆောင် ၁ လုံး၊ မျှော်စင် ၁ ခု၊ ၁ ယောက်ပစ်ကျင်း ၄ ကျင်း၊ လက်လုပ်ရေကန် ၁ ကန်၊ မီးဖိုဆောင် ၁ လုံး၊ တန်းစီကွင်း ၁ ကွင်း၊ ခြင်းကွင်း ၁ ကွင်း၊ အချုပ်ခန်း ၁ ခန်း၊ ဆံသဆိုင် ၁ ခုတို့ကို တွေ့ရှိရသည်။
၎င်းတဲများအတွင်းမှ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ရှော့တိုက်ဒုံး ၁ လက်၊ လက်လုပ်တိုက်မိုင်း ၆ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၈ လုံး၊အိန္ဒိယ နိုင်ငံထုတ်သေ နတ် ၁ လက်၊ Slight Gun သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁၅ လုံး၊ လက်လုပ်ရှော့တိုက်ဗုံးသီး ၈ လုံး၊ လက်လုပ်ဗုံးသီး ၁၀ လုံး၊ ၁၂ဗို့ကျည် ၁၀၀ တောင့်၊ မှန်ပြောင်း ၁လက် သံဖြတ်စက် ၁ လုံး၊ ဖောက် စက် ၁ လုံး၊ ဂဟေစက် ၁ လုံး၊ ဘက္ထရီ ၁၀၀ ဗို့ ၁ လုံးတို့ကို သိမ်း ဆည်းရမိကြောင်း သတင်းရရှိပါသည်။
ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ၏ လမ်း ညွှန်မှုများကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက်သောင်းကျန်သူ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ပြည် သူလူထုများက လိုလားနှစ်သက်မှုမရှိဘဲ ထောက် ခံအားပေးခြင်းမပြုတော့သဖြင့် ၎င်းတို့၏ ခိုအောင်းလှုပ်ရှားသည့် သတင်းများကို နီးစပ်ရာလုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက်သတင်းပေးပို့မှုများပြုလုပ်လာကြသည်။
ထိုသို့ ပြည်သူလူထု၏ ထောက်ခံမှုမရှိတော့သဖြင့် သတင်းများအရ ယခုရက်ပိုင်းအတွင်း တပ်မတော်စစ်ကြောင်းများ၊ နယ်မြေလုံခြုံရေးအဖွဲ့များက နယ် မြေရှင်းလင်းချေမှုန်းမှုများပြုလုပ်မှုများကြောင့် နေစဥ်နှင့်အမျှ အထိနာကာ ၎င်းတို့၏ လက်နက်ခဲယမ်းများကို ချန်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း၊ ကစဥ်ကလျားဆုတ်ခွာထွက်ပြေးနေကြရကြောင်း သိရပါ သည်။
#PAN