PSG ရဲ့ကစားသမား ဗာရက်တီကို အယ်လ်အာရဘီအသင်းက ခေါ်ယူ

Photos: Al-Arabi

စက်တင်ဘာ ၁၄
ကာတာကလပ် အယ်လ်အာရဘီအသင်းက PSG မှ ခေါ်ယူထားသည့် အီတလီကွင်းလယ်လူ ဗာရက်တီအား အသင်းကစားသမားသစ်အဖြစ် စက်တင်ဘာလ ၁၃ ရက်က တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
ဗာရက်တီက အယ်လ်အာရဘီအသင်းမှာ ကျောနံပါတ် (7)ကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။
ဗာရက်တီဟာ PSGအသင်းမှာ (၁၁)နှစ်ကြာ ပါဝင်ကစားခဲ့ပြီး ဆုဖလားပေါင်း (၃၀)ခုထိ ဆွတ်ခူးခဲ့ရင်း ပြင်သစ် လီဂူး သမိုင်းတစ်လျှောက် ဆုဖလား အများဆုံး ကစားသမားအဖြစ်နဲ့ပါ စံချိန်တင်ထားခဲ့ပါသေးတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ ဗာရက်တီ၏ ပြောင်းရွှေ့ကြေးမှာ ယူရို ၄၅ သန်းဖြစ်ပြီး ၎င်းအနေဖြင့် တစ်နှစ် ယူရို ၃၅ သန်း ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။